Wednesday, July 29, 2015

မွန်ဂိုရောင်းရဲ့ ဇာတ်ကားသစ်


 
''ဆောင်းဦးရွက်ကြွေချစ်သက်သေ''ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွင် မင်းသမီး၏ ငယ်ဘဝ အဖြစ်သရုပ်ဆောင်ခဲ့သော တောင်ကိုရီးယားမင်းသမီးချော မွန်ဂိုရောင်းသည် KBS ရုပ်သံလိုင်းမှ ရိုက်ကူးထုတ်လွှင့်မည့် ''ံHome Alone ''ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးပေးရန် ကမ်းလှမ်းခံခဲ့ရပြီး သူ့အနေဖြင့် ပါဝင်သရုပ်ဆောင်သွားရန်စဉ်းစားနေကြောင်း ကိုရီးယားမီဒီယာများက ဖော်ပြခဲ့သည်။
အဆိုပါရုပ်ရှင်တွင် တွဲဖက်သရုပ်ဆောင်ရန် မင်းသား ကန်ဂျီဟွမ်ကို ရွေးချယ်ကမ်းလှမ်းခဲ့ရာ မင်းသားကလည်း ပါဝင်သရုပ်ဆောင်နိုင်ရန် လတ်တလောရိုက်ကူးလျက်ရှိသည့် သူ၏ရုပ်ရှင်ရိုက်ကူးရေး အချိန်များကိုပင် ပြောင်းလဲစီစဉ်နေပြီဖြစ်ကြောင်းသိရသည်။
ယခုရိုက်ကူးမည့် ''ံHome Alone ''ဇာတ်ကားသည် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးနှင့် သူ၏အိမ် အကူတို့အကြားရှိ အချစ်ဇာတ်လမ်းကို ပုံဖော်ထားသည့် ရုပ်ရှင်ဖြစ်သည်။
အေးပြည့်

No comments:

Post a Comment