Wednesday, July 29, 2015

အသက် (၂၂)နှစ်မှာ ဆုံးပါးသွားတဲ့ ဘော်ဘီခရစ်တီးနားဘရောင်း


 
ကွယ်လွန်သွားပြီဖြစ်သော နာမည်ကျော်အဆိုတော် ဝှစ်ထ်နေဟာစတွန် နှင့် အာရ်အန်ဘီအဆိုတော် ဘော်ဘီဘရောင်းတို့၏ တစ်ဦးတည်းသော သမီးလေး ဘော်ဘီခရစ်တီးနားဘရောင်းသည် ဇူလိုင် ၂၆ရက်က ဂျော်ဂျီယာ ပြည်နယ်ရှိ ''Peachtree'' နာတာရှည်ရောဂါကုဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။
သူကွယ်လွန်ချိန်တွင် အသက် (၂၂) နှစ်ရှိပြီဖြစ်ကာ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်က သူ၏နေအိမ်ရေချိုးကန်အတွင်း မှောက်လျက်အနေအထားဖြင့် သတိမေ့မျောနေခဲ့သည်ကို တွေ့ရှိခဲ့ရပြီးနောက် ယခုအချိန်အထိ ဆေးရုံ တစ်ခုပြီးတစ်ခု သွားရောက်ကုသခဲ့သော်လည်း အခြေအနေမှာ ပိုမိုဆိုးလာခဲ့ပြီး နောက်ဆုံးကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဘော်ဘီကို ၁၉၉၃ခုနှစ်တွင်မွေးဖွားခဲ့ပြီး သူ့အသက် (၁ဝ) နှစ်ခန့်၊ ၂ဝဝ၆ခုနှစ်တွင် မိဘနှစ်ပါးကွဲသွားပြီး ၂ဝဝ၇ခုနှစ်တွင် တရားဝင်ကွာရှင်း ခဲ့ကြသည်။ ၂ဝ၁၂ ခုနှစ်၌ ဘော်ဘီ၏မိခင်ကို နြလနမူပံငူအသည ဟိုတယ်ရှိ ရေချိုးကန်ငယ်အတွင်း သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
မိခင်သေဆုံးသွားပြီးနောက် ရှစ်လအကြာတွင် ဘော်ဘီသည် နစ်ခ် ဂေါ်ဒန်နှင့် စေ့စပ်ခဲ့ပြီး ၂ဝ၁၄ခုနှစ် ဇန်နဝါရီ ၉ရက်တွင် လက်ထပ်ခဲ့ကြသည်။
ဘော်ဘီသည် မိခင်ကွယ်လွန်ခဲ့သည့် သုံးနှစ်မြောက်နှစ်ပတ်လည်နေ့ မတိုင်မီတွင် ယခုကဲ့သို့ ရေချိုးကန်အတွင်း မေ့မျောနေသည်ကို တွေ့ခဲ့ရခြင်းဖြစ် ကာ သူ၏မိခင်သေဆုံးစဉ်ကကဲ့သို့ပင် မူးယစ်ဆေးဝါးများ အလွန်အကျွံ သုံးစွဲထားသည်ဟု သတင်းများလည်း ပေါ်ထွက်ခဲ့ကြောင်း အီးတီအွန်လိုင်း သတင်းစာတွင် ဖော်ပြထားသည်။
အေးပြည့်- စုစည်းသည်

No comments:

Post a Comment