Wednesday, July 1, 2015

စင်ကာပူ-မြန်မာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး




The Mirror Daily's photo.


နေပြည်တော် ဇွန် ၃ဝ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့ည ၇ နာရီတွင် နေပြည်တော်ရှိ LAKE GARDEN ဟိုတယ် The Living Room ခန်းမ၌ ကျင်းပသည့် စင်ကာပူ-မြန်မာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးတင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း၊ ဗိုလ်ချုပ်ကျော်ညွန့်၊ ဦးတင်ဦးလွင်၊ ဒေါ်လဲ့လဲ့သိန်း၊ ဦးမျိုးအောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဒုတိယဝန်ကြီးချုပ် မစ္စတာတိုချီဟန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာလည်း တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်လင်းနှင့် စင်ကာပူသမ္မတ နိုင်ငံကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး ရောဘတ်ချွာတို့ က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။

ညပိုင်းတွင် ဒုတိယသမ္မတနှင့် ဇနီးတို့က ဧည့်သည်တော် စင်ကာပူသမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အဆိုပါဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)

No comments:

Post a Comment