Wednesday, July 1, 2015

ကွန်ပျူတာသုံး မြန်မာယူနီကုတ်စနစ် သတ်မှတ်အကောင်အထည်ဖော်ရေး အစည်းအဝေးကျင်းပ




The Mirror Daily's photo.


ရန်ကုန် ဇွန် ၃ဝ

ပညာရေးဝန်ကြီးဌာန မြန်မာစာနှင့် ဘာသာစကားပညာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသော နိုင်ငံတကာ အသိအမှတ်ပြုစံများကို အခြေခံသည့် ကွန်ပျူတာသုံး မြန်မာယူနီကုတ်စနစ် တစ်ပြေးညီသတ်မှတ် အကောင်အထည်ဖော်ရေးဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာ စာရေးထုံးဆိုင်ရာ စံသတ်မှတ်ချက် များကို မြန်မာစာအဖွဲ့ အဖွဲ့ဝင်ပညာ ရှင်ကြီးများက ဆွေးနွေးလမ်းညွှန်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းတို့က နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးနိုင်မှု အခြေအနေတို့ကို ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

ထို့ပြင် stakeholders များ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သော ကွန်ပျူတာသုံး မြန်မာယူနီကုတ်စနစ် ပြဋ္ဌာန်းအတည်ပြုရေးဆိုင်ရာ ညီလာခံကို မကြာမီကျင်းပရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။
(ပညာရေး)

No comments:

Post a Comment