Tuesday, July 28, 2015

ဝါးနှင့်နီးစပ်သော ကျေးလက်နေပြည်သူတို့၏ အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်နိုင်ရန် ဝါးပညာရပ်ဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်




The Mirror Daily's photo.
 


ကျောက်ပန်းတောင်း ဇူလိုင် ၂၇

မြန်မာနိုင်ငံသားများအနေဖြင့် ဝါး၏အရေးပါမှုကို သတိပြုမိစေရန်နှင့် သိပညာ 
ဗဟုသုတ မျှဝေဖလှယ်နိုင်ပြီး ဝါးနှင့်နီးစပ်သော ကျေးလက်နေပြည်သူတို့၏ အသက်မွေး ဝမ်းကျောင်းမှုဘဝကို မြှင့်တင်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးနိုင်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ ဝါးချစ်သူများကွန်ရက်မှကြီးမှူး၍ ပုပ္ပားတောင်ချစ်သူများအသင်းက စီစဉ်ကျင်းပသော ဝါးပညာရပ်ဆိုင်ရာ ပညာပေးသင်တန်းကို ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီက မန္တလေး
တိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ရွှေနဒီ ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင်ပုပ္ပားတောင်ချစ်သူများအသင်းနာယက ရွှေနဒီပရဟိတကျောင်း ဆရာတော် ဦးယုဇနက ဝါးပညာရပ်ဆိုင်ရာ သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကို သြဝါဒကထြာ>ွမက်ကြားပြီး မြန်မာနိုင်ငံဝါးချစ်
သူများကွန်ရက်ဥက္ကဋ္ဌ ဒေါ်ဒေဝီသန့်စင်က ဝါး၏အသုံးဝင်ပုံနှင့် ဝါးနှင့်ပြုလုပ်သည့်အသုံးအဆောင်ပစ္စည်းများ ကမ္ဘာ့ဈေးကွက်တွင်ထိုး ဖောက်နေရာယူမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။


ဆက်လက်၍ ဝါးပညာရှင်များဖြစ်ကြသည့် ဒေါ်ခင်မေလွင် (သစ်တောသုတေသနအရာ ရှိ-ငြိမ်း) နှင့် ဦးအောင်စိုး (သုတေသန) တို့က ဝါးပင်၏ထူးခြားချက်များနှင့် ဝါးတစ်ပင်လုံး အသုံးပြုနိုင်ပုံ၊ ဝါးပင်မှ တန်ဖိုးမြင့်ထုတ်ကုန်
ပစ္စည်းများထုတ်လုပ်၍ ကမ္ဘာ့ဈေးကွက်တွင် ဝင်ရောက်နေရာယူနေမှုနှင့် ကုန်ကြမ်းအစားထိုး ဝါးပင်စိုက်ပျိုးနည်းများအကြောင်းကိုဆွေးနွေးကြပြီး တက်ရောက်လာသူများကမေးမြန်းသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


အဆိုပါသင်တန်းသို့ ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှ အိမ်တွင်းမှုလုပ်ငန်းအဖြစ် ဝါးလုပ်ငန်းနှင့် အသက်မွေးကြသောကျေးရွာများဖြစ်သည့် ရွာလု၊ ရွာလပ်၊ ရိုးခြား၊ ပေါက်သစ်၊ ကျောက်စစ်ကန်၊ ကြောင်းဒူးအစရှိသည့်ကျေးရွာများမှ ဒေသခံ ၆ဝ တက်ရောက် လေ့လာကြပြီး သင်တန်းကို ဇူလိုင်၂၅ မှ ဇူလိုင် ၂၇ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး ဝါးအချောထည်လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့် ဝါးစိုက်ပျိုးနည်းများကို လက်တွေ့သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
ကိုနေ(ကျောက်ပန်းတောင်း)

No comments:

Post a Comment