နေပြည်တော် ဇူလိုင် ၂၇
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ရန်ကုန်-မန္တလေးအမြန် လမ်း မိုင်တိုင်အမှတ် (၃၂၇/၇)နှင့်(၃၂၈/ ဝ)ကြားတွင် ဇူလိုင် ၂၅ ရက် နံနက် ၁ နာရီခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးမှ နေပြည်တော်သို့ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ပျားကျေးရွာ နေ ရဲနိုင်ဝင်း(၃၇)နှစ် မောင်းနှင် လာသော 8H/----- လိုက်ထရပ် အဖြူ ရောင်ယာဉ်မှာ ဝဲဘက်ရှေ့ဘီးပေါက် ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ် ကျွန်းကာရံထားသည့် ဘာရီယာတုံးများအား ဝင်ရောက်တိုက်မိရပ်တန့်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ယာဉ်မောင်း ရဲနိုင်ဝင်းနှင့် မြင်းခြံမြို့ အမှတ်(၆) ရပ်ကွက်နေ ဦးကံထွန်း (၅၃)နှစ်ပါ အမျိုးသား လေးဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ရှစ်ဦးတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ရဲနိုင်ဝင်းအား ပြင်စည်အမြန်လမ်းမကြီးရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
(ကြေးမုံ)
No comments:
Post a Comment