ပုသိမ်ကြီး ဇူလိုင် ၂၇
၂ဝ၁၄-၂ဝ၁၅ နွေးစပါးရာသီတွင် မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် သမ္မတော ကျေးရွာအုပ်စုရှိ တောင်သူဦးမျိုးသန့်၏ အထူးအထွက်တိုး ပုလဲ
သွယ် နွေစပါး ၂၅ဧက စံကွက်ရိတ်သိမ်းခြင်းကို ဇူလိုင် ၂၃ရက် နံနက် ၁ဝနာရီက ကွင်းအမှတ် ၅၄၃ တွင် ကျင်းပရာ အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဒုတိယဦးစီးမှူး ဦးကြင်မောင်၊ မန္တလေး ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်၊ မန္တလေးခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးမြင့်လှိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်မြင့်ဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သီတာအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးညီညီနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း နွေစပါး စိုက်ဧကပေါင်း ၂ဝ၇၉၁ဧက စိုက်ပျိုးခဲ့ပြီး ပုလဲသွယ် စိုက်ဧက ၃၅၆၅ ဧကကို စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
ယခုရိတ်သိမ်းသောတောင်သူ ဦးမျိုးသန့်၏အထူးအထွက်တိုး ပုလဲသွယ် စံကွက်သည်တစ်ဧကအထွက်နှုန်း ၂၇၅ ဒသမ ၇၅တင်း ထွက်ရှိကြောင်းသိရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း မနောသုခ၊ ရွှေသွယ်ရင်၊ ဆင်းသုခစပါးများနှင့်အတူ ပုလဲသွယ်စပါးမျိုးများကို ယခုနှစ်နွေစပါး ရာသီတွင် စိုက်ပျိုးခဲ့ကြောင်း
သိရသည်။
ဖြိုးဝေ(ဆင်တဲဝ)
No comments:
Post a Comment