၂ဝ၁၅ ခုနှစ် ကွန်ကာကပ်ရွှေဖလားပြိုင်ပွဲကို ကနေဒါနိုင်ငံတွင် ဇူလိုင် ၇ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ပြီး မက္ကဆီကိုအသင်းသည် ဂျမေကာအသင်းအား အနိုင်ရရှိခဲ့ခြင်းကြောင့် ကွန်ကာကပ်ရွှေဖလားကို ခုနစ်ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ဂျမေကာအသင်းမှာမူ ပထမဆုံးအကြိမ်အဖြစ် ကွန်ကာကပ်ရွှေဖလားနောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းလာခဲ့ခြင်းဖြစ်ပြီး ဂျမေကာအသင်း ရည်ရွယ်ထားခဲ့သည့် ပထမဆုံးအကြိမ် ကွန်ကာကပ်ရွှေဖလားရရှိနိုင်ရေး မျှော်လင့်ချက်မှာ မက္ကဆီကို၏ အကောင်းဆုံးထိန်းချုပ်ကစားနိုင်မှုကြောင့် ပျက်ပြယ်ခဲ့ရသည်။
မက္ကဆီကိုအသင်းအတွက် သွင်းဂိုးများကို ပွဲကစားချိန် ၃၁ မိနစ်တွင် ဂွာဒါဒို၊ ၄၇ မိနစ်တွင် ကိုရိုနာ၊ ၆၁ မိနစ်တွင် ပီရယ်တာတို့က သွင်းယူ ပေးခဲ့ခြင်းဖြစ်ပြီး ဂျမေကာအသင်းအတွက် ချေပဂိုးကို ပွဲကစားချိန် မိနစ် ၈ဝ တွင် မက်တော့ခ်က သွင်းယူပေးခဲ့ ခြင်း ဖြစ်သည်။
ကွန်ကာကပ် ရွှေဖလားပြိုင်ပွဲပြီးဆုံး ခဲ့ပြီးနောက် ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားဆုကို မက္ကဆီကိုတောင်ပံ ကစားသမား ဂွာဒါဒိုကလည်းကောင်း၊ အကောင်းဆုံး လူငယ်ကစားသမားဆု ကို မက္ကဆီကိုတိုက်စစ်မှူး ကိုရိုနာက လည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆုကို အမေရိကန်ဂိုးသမား ဘရက် ဂူဇန်ကလည်းကောင်း၊ အသန့်ရှင်းဆုံး အသင်းဆုကို ဂျမေကာအသင်းက လည်းကောင်း အသီးသီးရရှိခဲ့သည်။
မက္ကဆီကိုအသင်းသည် ဂျမေကာအား အနိုင်ရရှိခဲ့ခြင်းကြောင့် ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ မည့် ၂ဝ၁၇ ကွန်ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲဝင်ခွင့်တစ်နေရာ ရရှိမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲအတွက် အောက်တိုဘာ ၉ ရက်တွင် အမေရိကန်အသင်းနှင့် မက္ကဆီကိုအသင်းတို့ Play Off ယှဉ် ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
(ငွေကြယ်)
No comments:
Post a Comment