Friday, July 3, 2015

ဖိလစ်ပိုင်ကူးတို့ရေယာဉ်နစ်မြှုပ်၍ ၃၆ ဦးထက်မနည်း သေဆုံး




Myanmaalinn's photo.
မနီလာ ဇူလိုင် ၂

ဖိလစ်ပိုင်အလယ်ပိုင်း၌ ခရီးသည် ၁၈၉ ဦးတင်ဆောင်လာသော ကူးတို့ရေယာဉ်တစ်စီးနစ်မြုပ်ခဲ့ရာ လူ ၃၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပျောက်ဆုံးသူများစွာရှိကြောင်း ကမ်းခြေစောင့်ရဲတပ်ဖွဲ့မှ ကြာသပတေးနေ့က ပြောကြား ခဲ့သည်။
ရေကြောင်းဆိုင်ရာ လုံခြုံရေးမှတ်တမ်းများအရ ကျွန်းစုပေါင်း ၇၁ဝဝ ရှိသော ဖိလစ်ပိုင်၌နှစ်စဉ် ကူးတို့ရေယာဉ် နစ်မြုပ်မှုမတော်တဆဖြစ်စဉ်ကြောင့် နှစ်စဉ် လူပေါင်းရာနှင့်ချီသေဆုံးကြောင်း၊ စိတ်ချရမှုမရှိသော ရေယာဉ်များပေါ် လူအများအပြား တင်ဆောင်မှုကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

(ရိုက်တာ)

No comments:

Post a Comment