Friday, July 3, 2015

ပျက်ကျအင်ဒိုနီးရှားလေယာဉ်မှ အသေအပျောက်ရှာဖွေမှုများကို ရပ်တန့်တော့မည်




Myanmaalinn's photo.
ဂျကာတာ ဇူလိုင် ၂

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားဧရိယာအတွင်းရှိ လူနေရပ်ကွက်အတွင်း လေယာဉ်ပျက်ကျမှုကြောင့် လူ ၁၄ဝ သေဆုံးခဲ့ပြီးသည့်နောက်တွင် နှစ်ရက် ကြာ အသေအပျောက်ရှာဖွေမှုများကို အင်ဒိုနီးရှားအာဏာပိုင်များက ရပ်တန့် တော့မည်ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာက ပြောကြားသည်။
ခရီးသည် ၁၂၂ ဦး တင်ဆောင်လာသော ဟာကျူလီ C-130 B သယ်ယူပို့ဆောင်ရေးလေယာဉ်သည် မြောက်ပိုင်းမြို့တော် မီဒန်ရှိ လူနေ ရပ်ကွက်အတွင်းသို့ ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူများအပြင် မြေပြင်ပေါ်ရှိ လူများပါ သေဆုံးခဲ့ရသည်။
''မနေ့ကစပြီး နောက်ထပ်အလောင်းတစ်လောင်းမှ ကျွန်တော်တို့ရှာမတွေ့ တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ဒီနေ့ရပ်လိုက်ပါပြီ'' ဟု စစ်ဘက်မှပြောရေးဆိုခွင့်ရှိသူ ဖွဒ်ဘာဆရာက ပြောသည်။
''မီဒန်မှာဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျမှုက စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင် ရေးကိရိယာတွေကို ပြန်လည်ဆန်းသစ်ဖို့လိုနေပြီဆိုတာကို ထောက်ပြလိုက် တာပဲ'' ဟု လွှတ်တော်အမတ် တီဘီဟာစနူဒင်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

(ရိုက်တာ)

No comments:

Post a Comment