Wednesday, July 29, 2015

ဂျွန်စတုန်းကို ပေါင် ၂၆ သန်းအထိ ပေးခေါ်ဖို့ ချယ်လ်ဆီးကမ်းလှမ်း



 

နောက်တန်းကစားသမား လိုအပ်ချက်ဖြစ်လာမယ့် ချယ်လ်ဆီးအသင်း အတွက် နည်းပြမော်ရင်ဟိုအနေနဲ့ အဲဗာတန်နောက်တန်းလူ ဂျွန်စတုန်းကို အရခေါ်ဖို့ ကြိုးစားနေပါတယ်။ နည်းပြမော်ရင်ဟိုက ဂျွန်စတုန်းကိုရဖို့ ပေါင် ၂၆ သန်းအထိပေးပြီး ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ ဒီပြောင်းရွှေ့ကြေးဟာ ချယ်လ်ဆီးအသင်းရဲ့ နောက်တန်းကစားသမားတွေထဲမှာတော့ ကြေးအမြင့် ဆုံးဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ ကွန်မြူနတီဒိုင်းလုပွဲမတိုင်မီ ဂျွန်စတုန်းကို အရခေါ်ယူသွားဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ချယ်လ်ဆီး အသင်းရဲ့ ဈေးပိုပေးလိုမှုကို စောင့်နေတဲ့ အဲဗာတန်ကတော့ ဂျွန်စတုန်းကို မရောင်းဘူးလို့တော့ ပြောဆိုနေဆဲပါ။ ကစားဖော် ဂယ်ရီကာဟေးလ်ကတော့ အသက် ၂၁ နှစ်အရွယ် ဂျွန်စတုန်းကို ပရီမီယာလိဂ်ချန်ပီယံကလပ်သို့ ပြောင်းရွှေ့သင့်တယ်လို့ တိုက်တွန်းထားပါတယ်။ ချယ်လ်ဆီးကလည်း ပေါင် ၂၆ သန်းနဲ့ စာချုပ်နိုင်ဖို့မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဂျွန်စတုန်းအနေနဲ့ စာချုပ်နိုင်ခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်းနဲ့အတူ နှစ်ပေါင်း များစွာကစားခဲ့တဲ့ ဂျွန်တယ်ရီနေရာမှာ ကစားရမှာဖြစ်ပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment