မန္တလေး ဇူလိုင် ၂၈
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ၃၆ လမ်းကြား ၇၇
လမ်းပေါ်ရှိ Mr. Print ကြော်ငြာဆိုင်းဘုတ်ဝန်ဆောင်မှု လုပ်ငန်းမှ ဇူလိုင် ၂၅
ရက် နံနက် ၂ နာရီခန့်က ဝန်ထမ်းများအိပ်ပျော်နေစဉ် ၎င်းတို့၏လက်ကိုင် ဖုန်း
စုစုပေါင်း ခုနစ်လုံးခိုးယူခြင်းခံခဲ့ရသည်။
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များသည် ချမ်းအေးသာစံမြို့နယ် ၃၄ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား၌ ဟန်းဆက်များ လိုက်လံရောင်းချနေသည့် ဟန်ထွန်း(ခ) ဖိုးသား ငယ်နှင့် ပူတူးပိုင်တို့နှစ်ဦးအား တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ Mr. Print ကြော်ငြာ ဆိုင်းဘုတ်ဝန်ဆောင်မှုလုပ်ငန်းမှ ဇူလိုင် ၂၅ ရက် နံနက် ၂ နာရီခန့်က ဟန်ထွန်း(ခ) ဖိုးသား ငယ် ဝင်ရောက်ခိုးယူလာသည့် ဖုန်းများဖြစ်နေ ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာ မသင်္ကာသူ ဟန်ထွန်း(ခ) ဖိုးသားငယ်(၁၈ နှစ်)နှင့် ဟိန်းထက်(ခ) ပူတူးပိုင်(၂၅ နှစ်) တို့နှစ်ဦးအား အမှုဖွင့်အရေးယူထားသည်။
ဟန်ထွန်း(ခ) ဖိုးသားငယ်ကို ထပ်မံစစ်ဆေး ချက်အရ လွန်ခဲ့သော တစ်လကျော်ခန့်က မဟာအောင်မြေမြို့နယ် (၇၈x၇၉) လမ်းကြား၊ ၃၇ လမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင် အတွင်းမှ ဟန်းဆက်တစ်လုံးကို ခိုးယူခဲ့ပြီး ချမ်းအေးသာစံမြို့နယ် ဝေယံ(ခ) အောင်မျိုးလွင် ထံ၌ ငွေကျပ် ၂ဝဝဝဝ ဖြင့် ပေါင်နှံခဲ့ကြောင်း၊ ၎င်းသည် ငြိမ်းချမ်းအောင်၊ အာကာထွန်း တို့နှင့်အတူ မဟာအောင်မြေမြို့နယ် (၇၇x ၇၈) လမ်းကြား၊ (၃၆x၃၇ )လမ်းကြား ဇီးပဏီ ဘုန်းကြီးကျောင်းအတွင်း နှစ်ထပ်သားဆောင် အောက်မှ လွန်ခဲ့သောတစ်လကျော်ခန့်က ဟန်းဆက်တစ်လုံးကိုခိုးယူကာ ဝေယံ(ခ) အောင်မျိုးလွင်ထံ ငွေကျပ် ၇၅ဝဝဝ ဖြင့် ထပ်မံရောင်းချကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ သည်။
ထို့အပြင် လွန်ခဲ့သောနှစ်ပတ်ကျော်ခန့်က အဆိုပါ ဇီးပဏီဘုန်းကြီးကျောင်းအတွင်းရှိ နှစ်ထပ်သစ်သားဆောင် အောက်ထပ်မှ ဟန်းဆက်တစ်လုံး ကို ငြိမ်းချမ်းအောင်(ခ) ကုလားနှင့် အာကာထွန်းတို့နှစ်ဦး သည် သန်းကြီးနှင့်အတူ ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ် ပေါက်သဖြင့် ငြိမ်းချမ်းအောင် (ခ)ကုလား (၁၈ နှစ်)၊ အာကာထွန်း(၁၈ နှစ်)နှင့် သန်းကြီး တို့သုံးဦးအား မဟာအောင်မြေမြို့မရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
(ဝ၄ဝ)

No comments:
Post a Comment