မန်ယူရဲ့ အရန်ဂိုးသမား ဗစ်တာဗယ်ဒက်စ်နေရာမှာ အစားထိုးဖို့အတွက်
နည်းပြဗန်ဟားလ်က ဆမ့်ဒိုးရီးယားဂိုးသမား ဆာဂျီယိုရိုမီယိုကို
သုံးနှစ်စာချုပ် နဲ့ ခေါ်ယူလိုက်ပါပြီ။ နည်းပြဗန်ဟားလ်အနေနဲ့
နံပါတ်တစ်ဂိုးသမား ဒီဂီယာ ထွက်ခွာနိုင်တဲ့ အနေအထားကြောင့်တစ်ကြောင်း၊
ဗစ်တာဗယ်ဒက်စ်နေရာမှာ အစားထိုးလိုတာကြောင့်တစ်ကြောင်း အေးဂျင့်မရှိတဲ့
ဆမ့်ဒိုးရီးယားဂိုးသမားကို သုံးနှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။
ဗန်ဟားလ်နဲ့ ရိုမီယိုတို့ဟာ အခုမှ လက်တွဲဖြစ်တာမဟုတ်ပါဘူး။ အယ်လ်ခမာကို ဗန်ဟားလ်ကိုင်တွယ်တုန်း ကလည်း လက်တွဲခဲ့ကြတာပါ။
၂ဝဝ၉ ခုနှစ်က အယ်လ်ခမာအသင်းနဲ့အတူ ချန်ပီယံဆုဖလား ဆွတ်ခူး နိုင်အောင်
ဗန်ဟားလ်နဲ့အတူ အလုပ်လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အသက် ၂၈
နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားဂိုးသမား ရိုမီယိုကို
နံပါတ်နှစ်ဂိုးသမား ဗစ်တာဗယ်ဒက်စ်နဲ့ အစားထိုးမယ်လို့ ဆိုပါတယ်။
အာဂျင်တီးနားဂိုးသမား ရိုမီယိုဟာ မန်ယူရဲ့ ရာသီအကြိုလက်ကျန်ပြိုင်ပွဲတွေမှာ
ကစားဖို့ရောက်ရှိ သွားပြီဖြစ်ပါတယ်။ ရိုမီယိုဟာ လာမယ့်ရာသီမှာတော့
အဓိကဂိုးသမား ဖြစ်လာမယ့် အနေအထားရှိပါတယ်။
ရိုမီယိုကတော့ မိမိဟာ မန်ယူမှာ အမြဲတမ်းပုံမှန် ပွဲထွက်ကစားခွင့်ရဖို့ ကြိုးစားရမှာဖြစ်ပေမယ့် ယုံကြည်မှုအပြည့်ရှိနေကြောင်း၊ မန်ယူနဲ့အတူ ဆုဖ လားတွေ ဆွတ်ခူးလိုစိတ်၊ အောင်ပွဲခံလိုစိတ် ပြင်းထန်နေကြောင်း ထုတ်ဖော် ပြောကြားနေပါတယ်။
ကောင်းမြတ်သူ

No comments:
Post a Comment