![The Mirror Daily's photo.](https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-xap1/v/t1.0-9/p526x395/11800016_870449536381268_5292262146740865115_n.jpg?oh=3482991713e26c04f1be3e28e466bc04&oe=56539D59&__gda__=1448333063_4964f3adc039376a4d19e2bbe9440bca)
နေပြည်တော် ဇူလိုင် ၂၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးတွဲစစ်ဦးစီးချုပ်နှင့် အိန္ဒိယလေတပ်ဦးစီးချုပ် Air Chief Marshal Arup Raha. PVSM , AVSM, VM ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ၁၁ နာရီ ၁ဝ မိနစ်တွင် အိန္ဒိယသမ္မတနိုင်ငံ ဘန်ဂလိုမြို့လေဆိပ်သို့ ရောက်ရှိသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော အဖွဲ့အား အိန္ဒိယတပ်မတော်(လေ) ဘန်ဂလို အခြေစိုက် လေတပ် လေ့ကျင့်ရေး ဌာနချုပ်၊ ဌာနချုပ်မှူးနှင့်ဇနီး၊ လေယာဉ်စနစ်နှင့် စမ်းသပ်ပျံသန်း ရေးဌာန တပ်မှူးနှင့် ဇနီး၊ အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ခင်စိုးနှင့် ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး ဆန်းညွန့်ဦးနှင့် ဇနီး၊ တာဝန်ရှိသူ များက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် သည်။
ထို့နောက် တပ်တော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့သည် Hindustan Aeronautics Limited ဌာနချုပ်သို့ သွားရောက်လေ့လာရာ Hindustan Aeronautics Limited မှ Chairman and Chief of Managing Director Mr. T Subara Raju နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး လေယာဉ် ထုတ်လုပ်ရေး စက်ရုံများအတွင်း လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသသည်။
ဆက်လက်၍တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့သည် Light Combat Helicopter Man- ufacturing (LCH)နှင့် HAWK Final Assembly တို့သို့ သွားရောက် လေ့လာကြသည်။ ယင်းနောက် ခင်းကျင်းပြသထားသော ယာဉ်များ၊ စက်ပစ္စည်းများနှင့် Electronic ပစ္စည်းများကို လေ့လာကြည့်ရှု ကြသည်။
ထိုမှတစ်ဆင့် AKASH Conference Hall သို့ရောက်ရှိရာ တာဝန်ရှိသူများက Power Point များဖြင့် ရှင်းလင်းတင်ပြကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့်အဖွဲ့က သိရှိလိုသည်များကို မေးမြန်းသည်။
တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်နှင့် အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ဘန်ဂလိုလေဆိပ်မှ ဆက်လက်ထွက်ခွာရာ အိန္ဒိယသမ္မတ နိုင်ငံ ဂိုအာမြို့သို့ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁ဝ မိနစ်တွင် ရောက်ရှိ ကြပြီး မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြရာ ခေတ္တ တည်းခိုမည့် Park Hyatt Goa ဟိုတယ်သို့ ရောက်ရှိကြသည်။
ညပိုင်းတွင် တပ်မတော်ကာကွယ် ရေး ဦးစီးချုပ် ဦးဆောင်သော မြန်မာ့ တပ်မတော်ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့သည် Goa Naval Area ရှိ Venue Officer Mess တွင် ကျင်းပသည့် Fieet Officer , Goa Commanding Area Rear Admiral Ravneet Sirgh တည်းခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲသို့တက်ရောက်ကြသည်။
ဂိုအာမြို့သည် အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းခြေ၌ တည်ရှိ ပြီး လူဦးရေ တစ်သန်းခန့်နေထိုင် သည်။ သံရိုင်း၊ သီဟိုဠ်စေ့နှင့် ဟင်းခတ် အမွှေးအကြိုင်များ အဓိက ထွက်ရှိပြီး ဂိုအာမြို့ရှိကမ်းခြေများ၊ ဘုရားဝတ်ပြုဆုတောင်းသည့် နေရာ များသို့ နိုင်ငံတကာနှင့် ပြည်တွင်းခရီး သွားဧည့်သည် အများအပြားလာ ရောက် လည်ပတ်လေ့ရှိကြောင်း သိရှိရသည်။
(မြဝတီ)
No comments:
Post a Comment