Tuesday, July 28, 2015

မိုဂါဒစ်ရှူးမြို့ရှိ ဟိုတယ်တစ်လုံးအား အယ်လ်ရှာဘတ်အဖွဲ့ ဗုံးခွဲတိုက်ခိုက်





The Mirror Daily's photo.


မိုဂါဒစ်ရှူး ဇူလိုင် ၂၇

ဆိုမာလီနိုင်ငံမြို့တော် မိုဂါဒစ်ရှူးရှိ ဟိုတယ်တစ်လုံး အား အယ်လ်ရှာဘတ်သူပုန်အဖွဲ့က ဇူလိုင်၂၆ရက်တွင် ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၁၃ဦးထက်မနည်းသေဆုံးကြောင်း၊ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်မောင်းတစ်ဦးက အဆိုပါဟိုတယ် ဝင်ပေါက်ဝအနီး၌ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း ဖောက်ခွဲမှုနှင့် ပတ်သက်၍ အယ်လ်ရှာဘတ်သူပုန်အဖွဲ့က ၎င်း၏လက်ချက်အဖြစ် ပထမဦးဆုံးထုတ်ဖော်ပြောကြားကြောင်း ယနေ့ရိုက်တာသတင်းတွင် ဖော်ပြသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်တွင် သွေးသံရဲရဲ လူ့ခန္ဓာအစိတ်အပိုင်းများ ပြန့်ကျဲနေပြီး ပေါက်ကွဲမှုဖြစ်ပွားသည့် ဂျာဇီးယားဟိုတယ်အနီး၌ ပျက်စီးနေသော မော်တော်ယာဉ်လေးစီးကို တွေ့မြင်ရကြောင်း ရိုက်တာသတင်းထောက်က ပြောကြားသည်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ ၁၃ ဦး၏ ရုပ်အလောင်းများနှင့် ထိခိုက်ဒဏ်ရာရသူ ၂၁ ဦးအနက်မှ စိုးရိမ်ဖွယ်ရာရှိသူအချို့ကို သယ်ယူပို့ဆောင်ပေးခဲ့ရကြောင်း အရေးပေါ် လူနာသယ်ယူရေးလုပ်သား အဗ္ဗဒယ်ကာဒီဟာ အဗဒ္ဒီဟာမန်က ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

မိုဂါဒစ်ရှူးမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ သံရုံးတွင်လုံခြုံရေး ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် တရုတ်နိုင်ငံသားတစ်ဦးမှာလည်း ဗုံးဖောက်ခွဲမှုကြောင့် သေဆုံးခဲ့ကြောင်း တရုတ်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ အခြားတရုတ်နိုင်ငံသား သုံးဦးမှာလည်း သာမန်ထိခိုက်ဒဏ်ရာများရရှိသည်ဟုဆိုသည်။ ရိုက်တာ။

No comments:

Post a Comment