Tuesday, July 28, 2015

ကျော်သက်နှင့် စောဆန်းအောင် အဖွဲ့မှ (၈)ဦးကို လက်နက်၊ ခဲယမ်း ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ





The Mirror Daily's photo.
 


နေပြည်တော် ဇူလိုင် ၂၇

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်အတွင်း ကျော်သက်နှင့် စောဆန်း အောင်အဖွဲ့များ ခိုအောင်းနေထိုင် လှုပ်ရှားမှုမရှိစေရေး တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် တပ် (BGF) တို့ပူးပေါင်း၍ နယ်မြေ ရှင်းလင်းမှုနှင့်အတူ ကေအင်န်ယူ တပ်ရင်း (၁၇)မှလည်း ဟန်ချက်ညီ ရှင်းလင်းလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်စဉ် တရိတကောင်းရှိ ကေအင်န်ယူ တပ်ရင်း ၁၇ မှ တပ်ဖွဲ့ဝင်များသည် ကျော်သက်နှင့် စောဆန်းအောင်အဖွဲ့မှ တပ်ဖွဲ့ဝင် ၈ ဦးအား လက်နက်မျိုးစုံ ၉ လက်၊ ကျည်အိမ်မျိုးစုံ ၂၈ ခု၊ ကျည်မျိုးစုံ အတောင့် ၂၇ဝ၊ လမ်းလျှောက်စကား ပြောစက် ၁လုံးတို့နှင့်အတူ ဖမ်းဆီး ရမိသဖြင့် ဇူလိုင် ၂၆ ရက်က မိဖညား ကျေးရွာတွင် တပ်မတော်စစ်ကြောင်းများထံ လာရောက်အပ်နှံခဲ့သည်။

အဆိုပါ ရှစ်ဦးကို ကေအင်န်ယူ တပ်ရင်း ၁၇ သည် ၎င်းတို့နယ်မြေ အတွင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်းနှင့် တပ်မတော်၊ နယ်ခြား စောင့်တပ်(BGF) နှင့် နယ်မြေခံ လက်နက်ကိုင်အဖွဲ့များ ပူးပေါင်း၍ ကျော်သက်နှင့် စောဆန်းအောင် အဖွဲ့များအား ဆက်လက်ရှင်းလင်း လျက်ရှိကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment