နေပြည်တော် ဇူလိုင် ၂၈
နိုင်ငံတော်အစိုးရနှင့် တပ်မတော် တို့၏ သဘောထားမှန်များ ကို
သိရှိနားလည်လာခြင်းကြောင့် ကျော်သက်နှင့် စောဆန်းအောင် အဖွဲ့မှ
အဖွဲ့ဝင်များ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လျက်ရှိရာ ယနေ့
မွန်လွဲပိုင်းတွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထီးဟူသံ
ကျေးရွာရှိ နယ်ခြားစောင့်တပ် (BGF) သို့ စောဘိကြည်ခေါင်းဆောင်
သောအဖွဲ့ဝင် ၅၈ ဦးသည် လက်နက် မျိုးစုံ ၄၅ လက်၊ ဗုံးသီးမျိုးစုံ ၆၇ လုံး၊
ကျည်မျိုးစုံ ၂၃၁ဝ တောင့်၊ ကျည်အိမ် မျိုးစုံ ၇၉ ခု၊ ရှေ့ထွက်မိုင်း
သုံးလုံး၊ လက်ပစ်ဗုံး တစ်လုံးတို့နှင့်အတူ ဥပဒေဘောင်အတွင်း
ထပ်မံ ဝင်ရောက်ခဲ့သည်။
အဆိုပါ ဥပဒေဘောင်အတွင်း သို့ ဝင်ရောက်လာသူများကို နွေးထွေးစွာကြိုဆိုပြီး လိုအပ်သည် များ ကူညီထောက်ပံ့ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
(မြဝတီ)
အဆိုပါ ဥပဒေဘောင်အတွင်း သို့ ဝင်ရောက်လာသူများကို နွေးထွေးစွာကြိုဆိုပြီး လိုအပ်သည် များ ကူညီထောက်ပံ့ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
(မြဝတီ)
No comments:
Post a Comment