Wednesday, July 29, 2015

မူးမြစ်ရေဝင်ရောက်ခဲ့သည့် ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ မုံရွာ ဇူလိုင် ၂၈

 
 
မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဆည်အချို့မှ ရေများလျှော့ချခြင်းနှင့် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မူးမြစ်ရေများတိုးလာခဲ့ပြီး ယမန်နေ့ က မုံရွာ- အရာတော် - ရွှေဘို ကားလမ်းပေါ်ရှိ ဇရစ်ကျေးရွာနှင့် ကူတို့ကိုင်းကျေးရွာကြား ကားလမ်း နေရာအချို့တွင် လမ်းပခုံးသားများ ပြိုကျခြင်း၊ ကျေးရွာအချို့ မူးမြစ်ရေ များဝင်ရောက်ခြင်းများ ဖြစ်ပေါ်ခဲ့ သည်။
အဆိုပါ ရေဝင်ရောက်မှုနှင့် လမ်းပိုင်းအချို့ရေကျော်ပြီး လမ်းပခုံး သားများ ပြိုကျခဲ့သည့် နေရာ များသို့ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကံထွန်း နှင့် ဦးစောဦးထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ကော်မတီ(၃)ရပ်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော
ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေး လျက်ရှိသည်။
ရေတိုက်စားခဲ့သည့် လမ်းပခုံးသား များအား သဲအိတ်များချ၍ ပြန်လည် ပြုပြင်ခြင်းနှင့် ရေဝင်ရောက်ခဲ့သည့် ကျေးရွာများတွင် ရွေ့လျားဆေးခန်း များဖြင့် ကျန်းမာရေးစောင့်ရှောက် ပေးခြင်း၊ ထမင်းထုပ်များ ဝေငှပေး ခြင်းနှင့် အခြားလိုအပ်သည်များကို ဇရစ်ကျေးရွာတွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ပြီး တာဝန်ရှိသူများကကူညီဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကျေးရွာများမှ ရေဘေး သင့်သူများအတွက် မန္တလေးမြို့ နိဗ္ဗာန်သုခ အလှူရှင်အသင်းမှ ငွေကျပ် ၂၃ သိန်းကျော် တန်ဖိုးရှိ ငါးသေတ္တာ၊ ဘီစကစ်၊ ခေါက်ဆွဲ ခြောက်အပါအဝင် အစားအသောက် များ၊ အဝတ်အထည်နှင့် အခြားအသုံး အဆောင်ပစ္စည်းများကို လည်း ကောင်း၊ မုံရွာမြို့ သာသနာ့ရောင်ခြည် သီလရှင်စာသင်တိုက်မှ ဦးစီးသည့် အလှူရှင်များက ဆန် ခုနစ်ပိုင်း၊ ဓာတ်ဆား တစ်အိတ်၊ ရေသန့်ဘူး ၁ဝ ကတ်၊ ငါးပိဘူး သုံးထောင်၊ ထမင်းထုပ် ၁၅ဝဝ၊ အဝတ်အစား ၁၃ အိတ်တို့ကို လည်းကောင်း အသီးသီးလာရောက် လှူဒါန်းကြကြောင်း သိရှိရသည်။
(ခရိုင်ပြန်/ဆက်)

No comments:

Post a Comment