Tuesday, July 28, 2015

ကမ္ဘာ့အလှဆုံးအမျိုးသမီးရဲ့ (၅၁)နှစ်ပြည့်မွေးနေ့







The Mirror Daily's photo.
 



၂ဝ၁၅ခုနှစ်အတွက် ကမ္ဘာ့အလှ ဆုံးအမျိုးသမီးအဖြစ်ရွေးချယ်ခံခဲ့ရ သော ဟောလိဝုဒ်မင်းသမီးကြီး ဆန်ဒရာဘူးလော့ဒ်သည် ဇူလိုင် ၂၆ ရက်က အသက် (၅၁)နှစ်ပြည့်ခဲ့ပြီ ဖြစ်ကာ သူသည် အသက်အရွယ်နှင့် မလိုက်အောင် ငယ်ရွယ်နုပျိုနေဆဲ ဖြစ်သည်။

မင်းသမီးကို ''People'' မဂ္ဂဇင်းက ကမ္ဘာ့အလှဆုံးအမျိုးသမီးအဖြစ် ရွေး ချယ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သူသည် လှပရုံသာမက အနုပညာတွင်လည်း ထူးချွန်သူတစ်ဦးဖြစ်ကာ ၂ဝ၁၃ ခုနှစ်က ''Gravity''ရုပ်ရှင်ဖြင့် အော် စကာဆုအတွက် အမည်စာရင်းတင် သွင်းခြင်းခံခဲ့ရသူ ဖြစ်သည်။

လတ်တလောတွင် မင်းသမီးသည် 'minions ''ရုပ်ရှင်များ၌ ကောက် ကျစ်သည့် ဗီလိန်တစ်ဦးဖြစ်သော စကားလတ် အိုဗာကေးလ်နေရာက ပါဝင်သရုပ်ဆောင်လျက်ရှိသည်။
အေးပြည့်

No comments:

Post a Comment