''ဖန်ခြေနင်းနှင့် ယမင်းရွှေစင်''တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲဖြင့် မြန်မာပရိသတ်ကို စွဲဆောင် နိုင်ခဲ့သော မင်းသားချောဆိုဂျီဆပ်သည် သူ၏နောက်ထပ်အနုပညာလှုပ်ရှားမှုတစ်ရပ်အဖြစ် ဟစ်ဟော့ပ်တေးအယ်လ်ဘမ်တစ်ခုကို ထုတ်လုပ် သွားရန်စီစဉ်ထားကြောင်း သူ၏အေဂျင်စီက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။
ယခုထွက်ရှိမည့် တေးအယ်လ်ဘမ်ကို အသက်(၃၇)နှစ်အရွယ် မင်းသားဆိုဂျီဆပ်သည် ဟစ်ဟော့ပ်တေးဂီတအဖွဲ့Soul Dive နှင့် ပူးပေါင်း ထုတ်လုပ်သွားမည်ဖြစ်ကာ သီချင်းများကို တေးဂီတ ဝက်ဘ်ဆိုက်များတွင်လည်း ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။
လတ်တလောတွင် မင်းသားသည်KBS ရုပ်သံလိုင်းက ရိုက်ကူး ထုတ်လွှင့်သည့် 'Oh My God ''ရုပ်ရှင်တွင်လည်း မင်းသမီးရှင်မင်အနှင့်အတူ တွဲဖက်သရုပ်ဆောင်လျက်ရှိပြီး ယင်းရုပ်ရှင်ကို ၂ဝ၁၅ ခုနှစ်၏ ဒုတိယနှစ်ဝက်ပိုင်းတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
အေးပြည့် - စုစည်းသည်
No comments:
Post a Comment