မော်စကို ဇူလိုင် ၂၇
ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားနိုင်ငံ၏ အင်အားတောင့်တင်းသော ရေတပ်ဖွဲ့များ ဖွဲ့စည်းထူထောင်မည့် ၎င်း၏ ဆုံးဖြတ်ချက်ကို အလေးထား ပြောကြားခဲ့သည်။ ပူတင်သည် ၎င်း၏ဆုံးဖြတ်ချက်ကို ပိုလန်နှင့် လစ်သူရေး နီးယားနှစ်နိုင်ငံကြားရှိ ရုရှားပိုင် နယ်မြေတစ်ခုဖြစ်သည့် ကာလင်ဂရဒ် ဒေသတွင် တနင်္ဂနွေနေ့က ကျင်းပသည့် ရုရှားနိုင်ငံ၏ ရေတပ်မတော်နေ့ အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပူတင်က ရုရှားနိုင်ငံသည် ရေတပ်အင်အားတောင့်တင်းသည့် နိုင်ငံတစ်ခုအဖြစ် တည်ထောင်ရန်နှင့် ခေတ်မီအစွမ်းထက်သည့် ရေတပ်သင်္ဘောအုပ်စုများကို နောက်မျိုးဆက်သို့ လက်ဆင့်ကမ်း လွှဲပြောင်းပေးနိုင်ရန်လည်း လိုအပ်ကြောင်း ဘောလ်တစ်ရေတပ်သင်္ဘောအုပ်စုမှ ထိပ်တန်းအရာရှိများကို ပြောကြားသည်။
ပူတင်သည် ရုရှားနိုင်ငံ၏ ပင်လယ်ရေကြောင်းဆိုင်ရာ အယူအဆ ပြုပြင်ပြောင်းလဲရေးအတွက် ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှု တစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။ ရုရှားနိုင်ငံ၏ ပင်လယ်ရေကြောင်းဆိုင်ရာ သဘောတရားသည် အတ္တလန္တိတ်သမုဒ္ဒရာတွင်ရှိသည့် ရုရှားရေတပ်ကို ခိုင်မာအင်အားကောင်းရန် လိုအပ်သလို သယံဇာတ ပေါကြွယ်ဝသည့် အာတိတ်ဒေသ ခြိမ်းခြောက်မှုများကိုလည်း လျှော့ချနိုင်ရန် လိုအပ်သည်။
ရုရှားနိုင်ငံ၏ ပင်လယ်ရေကြောင်းဆိုင်ရာ အယူအဆသည် အတ္တလန္တိတ်နှင့် အာတိတ်ဒေသတို့ကို အလေးထားကြောင်းနှင့် ဆိုလိုသည်မှာ ရုရှားနိုင်ငံ၏ အရှေ့ဘက်မျက်နှာစာ ဥရောပနှင့် နယ်စပ်တွင် အင်အားတိုးချဲ့လာသည့် နေတိုးတပ်ဖွဲ့များကို တန်ပြန်တိုက်ခိုက်နိုင်ရန်ဖြစ်ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် ဒီမစ်ထရီရိုဂိုဇင် က ပြောကြားသည်။
အင်န်အိတ်ခ်ျကေ။
No comments:
Post a Comment