Thursday, July 30, 2015

မူလာအိုမာသေဆုံးသည့်သတင်း အာဖဂန်အစိုးရ စုံစမ်းစစ်ဆေးလျက်ရှိ



The Mirror Daily's photo.

ကဘူး ဇူလိုင် ၂၉

အာဖဂန်အစိုးရသည် တာလီဘန်ခေါင်းဆောင် မူလာအိုမာသေဆုံးခဲ့ပြီဖြစ်ကြောင်း ထွက်ပေါ်လာသည့် သတင်းများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ပြောရေးဆိုခွင့်ရှိသူက ယနေ့ပြောကြားသည်။

အာဖဂန်အစိုးရ အသိုင်းအဝိုင်းနှင့် ထောက်လှမ်းရေးအဖွဲ့အစည်းအတွင်းရှိ ထိပ်တန်းသတင်း အရင်း အမြစ်မှ ပေါက်ကြားလာသော အဆိုပါသတင်းကို တာလီဘန်အဖွဲ့က ယခုအချိန်ထိ ဝေဖန်ပြောကြားခြင်း မပြု သေးပေ။

ဖမ်းမိရန်ခက်ခဲသော အဆိုပါ စစ်သွေးကြွခေါင်းဆောင်သည် လွန်ခဲ့သည့် နှစ်နှစ်၊ သုံးနှစ်ကတည်းကပင် သေဆုံးသွားခဲ့သည်ဟု တာဝန်ရှိ သူများက ပြောကြားခဲ့ကြသည်။

¤င်းသေဆုံးကြောင်း နောက်ဆုံး ပေါ်ထွက်လာသည့် သတင်းများနှင့် ပတ်သက်၍ အလေးအနက်ထား စုံစမ်းလေ့လာလျက်ရှိသည်ဟု ဆို သည်။
အာဖဂန်သမ္မတ အာရှက်ဖ် ဂါနီ၏ ပြောရေး
ဆိုခွင့်ရှိသူက အာဏာပိုင်များသည် ယင်း သတင်းကို အတည်ပြုရန် ကြိုးစား လျက်ရှိသည်ဟု ပြောကြားခဲ့ သည်။
ရိုက်တာ။

No comments:

Post a Comment