Thursday, July 30, 2015

တောင်တရုတ်ပင်လယ်တွင်း၌ တရုတ်ရေတပ်စစ်ရေးလေ့ကျင့်




The Mirror Daily's photo.


စန်းယ ဇူလိုင် ၂၉

ပင်လယ်ရေကြောင်း တိုက်ခိုက်ရေး စွမ်းရည်တိုးတက်စေရေးအတွက် တောင်တရုတ်ပင်လယ်တွင်း၌ တရုတ် ရေတပ်က ကျည်စစ်ကျည်မှန်များဖြင့် ပစ်ခတ်ကာ စစ်ရေးလေ့ကျင့်မှုတစ်ရပ် ကိုပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်း ဌာနက သတင်းထုတ်ပြန်သည်။
ဇူလိုင် ၂၈ ရက်က ပြုလုပ်သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ရေတပ်စစ်ရေယာဉ် ၁ဝဝ ကျော်၊ စစ် လေယာဉ် ဒါဇင်အချို့၊ ဒုံးကျည် တပ်ဖွဲ့ဝင်အများအပြားနှင့် ကွန်ပျူတာ ကွန်ရက်လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် ကြောင်း သတင်းတွင်ဖော်ပြသည်။ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သော တပ်ဖွဲ့ဝင်အရေအတွက်ကို အတိ အကျဖော်ပြခြင်း မရှိပေ။

စစ်ရေးလေ့ကျင့်မှုအတွင်း ဒုံးကျည် များနှင့် တော်ပီဒိုလက်နက် ဒါဇင်များစွာ ကို ပစ်ခတ်ခဲ့သည်။
ယင်းစစ်ရေးလေ့ကျင့်မှုမှာ တရုတ် ရေတပ်၏ လေကြောင်းရန် ကာကွယ် ရေးစွမ်းရည်နှင့် ကြိုတင်သတိပေး စနစ် စွမ်းရည်တို့ဖြင့် ရန်သူအပေါ် လျင်မြန်စွာ တုံ့ပြန်တိုက်ခိုက်နိုင်မှုအား စမ်းသပ်ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ဆင်ဟွာ။

No comments:

Post a Comment