Thursday, July 30, 2015

တံတားရှစ်စင်းဆောင်ရွက်ရန် မြေပြင်ကွင်းဆင်းတိုင်းတာ




The Mirror Daily's photo.
ငွေဆောင် ဇူလိုင် ၂၉

ပုသိမ်မြို့နယ် ငွေဆောင်ဒေသ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုနိုင်ရန် တံတားလိုအပ် ချက်များအား ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်နိုင်ငံတော်သမ္မတ၏ အထူးသီးသန့်ရန်ပုံငွေဖြင့် တံတားရှစ်စင်းဆောင်ရွက်ရန် မြေပြင်ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းအား တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးစိုးသန်း၊ ပုသိမ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစတင့်ဝေ၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးနိုင်တို့က ဒေသအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြင့် ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment