Wednesday, July 29, 2015

ဆီးရီးယားမြောက်ပိုင်းကို အိုင်အက်စ်ကင်းမဲ့ဇုန်အဖြစ် တူရကီနှင့်အမေရိကန်တို့ရည်ရွယ်




Myanmaalinn's photo.

အစ္စတန်ဘူ ဇူလိုင် ၂၈

တူရကီနှင့်အမေရိကန်တို့သည် ဆီးရီးယားရှိသူပုန်များကို ထောက်ပံ့ပေးပြီး တူရကီနယ်စပ်တစ်လျှောက်ရှိ အိုင်အက်စ်များကို ဖယ်ရှားရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့များသည် အိုင်အက်စ်များကို ကာလကြာရှည်တိုက်ခိုက်ခဲ့ပြီး ပြီးခဲ့သော သီတင်းပတ်က တူရကီတို့ကလည်း ဂျီဟတ်လှုပ်ရှားမှုနှင့်ဆက်စပ်မှုရှိသော ဆီးရီးယားများကို ပစ်မှတ်ထားကာ ဗုံးခွဲ တိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ဆီးရီးယားတွင်ဒုက္ခသည်ပေါင်း ၁ ဒသမ ၈ သန်းကျော်ရှိလာပြီးနောက် တူရကီသည် ဆီးရီးယားမြောက်ပိုင်းကို အိုင်အက်စ်များနှင့် ကာ့ဒ်စစ်သွေးကြွများ မဖြတ်သန်းရဇုန်အဖြစ်သတ်မှတ်ခဲ့ပြီး ဒေသခံပြည်သူများကိုသာ ဖြတ်သန်း ခွင့်ပြုခဲ့သည်။ အိုင်အက်စ်များကိုဆန့်ကျင်တိုက်ခိုက်နေသည့် ဆီးရီးယားသူပုန်များကို လေကြောင်းထောက်ပံ့မှုများ ပေးနိုင်ရန် စောင့်ကြည့်နေရမည်ဟု တူရကီဝန်ကြီးချုပ် အာမက်ဒါဗူတိုဂလူက ပြောသည်။
''ဒီနယ်မြေကနေ အိုင်အက်စ်တွေကို ဖယ်ရှားပစ်ရမယ်။ ဖယ်ရှားပစ်ဖို့သူတို့ကို ကူညီထောက်ပံ့ပေးရမယ်။ ဒါမှ သူတို့ဒီနယ်မြေကို ပြန်လည်ထိန်းချုပ်နိုင်မယ်''ဟု ၄င်းက တူရကီ ATV အသံလွှင့်ရုံနှင့်အင်တာဗျူးစဉ်ပြောကြားခဲ့ သည်။ တူရကီနယ်စပ်တွင် အိုင်အက်စ်များကို မမြင်တွေ့လိုကြောင်း ၄င်းကပြောသည်။


(ရိုက်တာ)

No comments:

Post a Comment