ဆိုးလ် ဇူလိုင် ၂၈
တောင်ကိုရီးယားနိုင်ငံ၌ မားစ် ရောဂါ လုံးဝ ကင်းရှင်းသွားပြီဖြစ် ကြောင်း
အင်္ဂါနေ့က ကြေညာခဲ့ သည်။ တောင်ကိုရီးယားတွင် အဆိုပါ
ရောဂါတွေ့ရှိဖြစ်ပွားခဲ့ပြီး နှစ်လ ကျော်ကြာ ဆေးရုံများမှတစ်ဆင့်
ကူးစက်ပျံ့နှံ့ခဲ့ပြီးနောက် လူပေါင်း၃၆ ဦး သေဆုံးခဲ့သည်။
ရောဂါဖြစ်ပွားမှုနှုန်းမှာ ဆော်ဒီ အာရေဗျပြီးလျှင် အများဆုံးနိုင်ငံ ဖြစ်သည်။ အဆိုပါရောဂါသည် မေလအတွင်းက အရှေ့အလယ်ပိုင်းသို့အလုပ်ကိစ္စဖြင့် သွားရောက်သူ တစ်ဦးထံက ပါလာခဲ့ခြင်းဖြစ် သည်။
အစိုးရနှင့် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများမှ စစ်ဆေးအကဲဖြတ် ပြီး၍ ပြည်သူများစိတ်သက်သာရာ ရနိုင်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွမ် ကျိုအန်က လူထုကျန်းမာရေးဆွေး နွေးပွဲတစ်ခု၌ ပြောကြားသည်။
တောင်ကိုရီးယား၌ ဆေးရုံ တက်ရောက်ကုသနေသူ ၁၂ ဦး ကျန် ရှိနေသေးကြောင်း၊ မားစ်ရောဂါပိုး ရှိသူတစ်ဦးသာ စမ်းသပ်တွေ့ရှိရ ကြောင်း၊ ကုသမှုခံယူနေကြောင်း ကျန်းမာရေးဝန်ကြီးက ပြောသည်။ ဇူလိုင် ၄ ရက်မှစ၍ ရောဂါထပ်မံ ဖြစ်ပွားသူမရှိတော့ကြောင်း ၄င်းက ပြောသည်။
အင်္ဂလန် မြောက်ပိုင်း၌လည်း မားစ်ရောဂါဟု သံသယဖြစ်ဖွယ်ရာ ရောဂါနှစ်ခုကို ဗြိတိန်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့များက စုံစမ်း စစ်ဆေးလျက်ရှိသည်။

(ရိုက်တာ)
No comments:
Post a Comment