Wednesday, July 29, 2015

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ဆန်းစစ်မှုအရ မြန်မာနိုင်ငံသည် ကုလသမဂ္ဂထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များပြည့်မီရေး လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိနေသော်လည်း စိန်ခေါ်မှုများစွာကျန်ရှိနေ




Myanmaalinn's photo.

နေပြည်တော် ဇူလိုင် ၂၈

အမျိုးသားအဆင့် ကျန်းမာရေးညီလာခံကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC-2) ၌ ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ အလှူရှင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ညီလာခံတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံ၏ လက်ရှိအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု၊ လူမှုရေး၊ စီးပွား ရေးပြုပြင်ပြောင်းလဲမှု စသည့် အသွင် ကူးပြောင်းရေး အခြေအနေကို ထင်ဟပ်၍ ‘''လူထုဗဟိုပြုဖွံ့ဖြိုး တိုးတက်ဖို့ ကျန်းမာရေးကဏ္ဍတွင် မြှုပ်နှံစို့'' ဟူသော ဆောင်ပုဒ်နှင့်အညီ ယခုဖိုရမ်တွင် ဆွေးနွေးသွားမည်ဖြစ် ပါကြောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ပြည်သူလူထု ကျန်းမာကြံ့ခိုင် မှုကို ဗဟိုပြုရန် လိုအပ်သည့်အတွက် ကျန်းမာရေးကဏ္ဍတွင်လည်း အဓိက ရင်းနှီးမြှုပ်နှံရန် လိုအပ်ပါကြောင်း။
ယခု ညီလာခံကြီးမှတစ်ဆင့် ၂ဝ၃ဝ ပြည့်နှစ် မြန်မာ့ကျန်းမာရေး ရည်မှန်းချက်နှင့်အညီ လူတိုင်း အရည်အသွေးပြည့် စောင့်ရှောက်မှု လုပ်ငန်းများ လက်လှမ်းမီရရှိနိုင်မည့် နည်းဗျူဟာများနှင့် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများကို ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း။
ယခုကျင်းပသည့် ညီလာခံကို ကျန်းမာရေးကဏ္ဍ တိုးတက်ပြောင်းလဲ မှုများနှင့် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး လွှမ်းခြုံစောင့်ရှောက်မှု ရရှိရေးနှင့် အနာဂတ်တွင် ဆောင်ရွက် မည့် အစီအမံများကို အသိပေး တင်ပြနိုင်ရန်၊ ကျန်းမာရေးကဏ္ဍ အောင်မြင်မှုများနှင့် ရင်းနှီးမြှုပ်နှံ လိုမှု၊ စိန်ခေါ်မှုများနှင့်စပ်လျဉ်းသော အချက်အလက်များ မီဒီယာများအား အသိပေးဖြန့်ဝေနိုင်ရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း ကျန်းမာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ၏ အရေးပါပုံကို မီးမောင်းထိုးပြရန် စသည့် ရည်ရွယ်ချက်(၄)ရပ်ဖြင့် ကျင်းပမည်ဖြစ်ပါကြောင်း။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ဆန်းစစ်မှုအရ မြန်မာနိုင်ငံသည် ကုလသမဂ္ဂထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များ ပြည့်မီရေး လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိနေသော်လည်း စိန်ခေါ်မှုများ စွာ ကျန်ရှိနေပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် စက်တင်ဘာလတွင် ကျင်းပပြုလုပ် မည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ အဆိုပြုတင်ပြသွားမည့် ရေရှည်တည်တံ့နိုင်သော ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များကို ထောက်ခံကြိုဆိုပါကြောင်း၊ မကူး စက်နိုင်သောရောဂါများ၊ ဦးစားပေး ခြင်းမခံရသော အပူပိုင်းဒေသဆိုင်ရာ ရောဂါများနှင့် လူတိုင်းလက်လှမ်းမီ သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး စသည့်အကြောင်းအရာများ ပါဝင်သည့်အတွက် ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရ အနေဖြင့် လူတိုင်းလက်လှမ်းမီသော ကျန်းမာ ရေးစောင့်ရှောက်မှုရရှိရေးအတွက် ပထမအဆင့်အနေဖြင့် ကမ္ဘာ့ဘဏ် ၏ နည်းပညာနှင့်ငွေကြေးအကူအညီ ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
ကြုံတွေ့နေရသည့် ကျန်းမာရေး ဆိုင်ရာ အခက်အခဲအနေဖြင့် ပထမ အချက်မှာ ပြည်သူလူထုအနေဖြင့် ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေး အဆင့်မြှင့်တင် ဆောင်ရွက်ရေး လုပ်ငန်းများကို နားလည်သဘော ပေါက်ရန် လိုအပ်ခြင်းဖြစ်ကြောင်း၊ သတင်းမီဒီယာများသည်လည်း ပြည် သူ့ကျန်းမာရေး အဆင့်မြှင့်တင်ရေး လုပ်ငန်းများတွင် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေပါကြောင်း။
ဒုတိယအချက်မှာ ကူးစက် ရောဂါများကာကွယ်နှိမ်နင်းရေးသည် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ် နေကြောင်း၊ တတိယအချက်မှာ မကူး စက်တတ်သောရောဂါ ဖြစ်ပွားမှုများ သည် ကြီးမားသောခြိမ်းခြောက်မှု တစ်ရပ်ဖြစ်လာကြောင်း၊ စတုတ္ထ အချက်မှာ ကျန်းမာရေးကဏ္ဍအတွက် ဘဏ္ဍာငွေသုံးစွဲမှု တိုးမြှင့်ခွင့်ပြုလျက် ရှိသကဲ့သို့ ဆက်လက်ပြီး တိုးမြှင့် အသုံးပြုနိုင်ရေးဖြစ်ကြောင်း။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးကဏ္ဍအတွက် ဘဏ္ဍာ ငွေကျပ် ၇၅၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၆ဝ၂ သန်း ) ခွဲဝေပေးခဲ့ရာ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ခွဲဝေမှုထက် ၈ ဒသမ ၇ ဆခန့် ပိုမိုတိုးမြှင့်ပေးခဲ့ ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အဓိကလိုအပ်သည့် ဆေးနှင့် ဆေး ပစ္စည်းများကို ၂ဝ၁၁ ခုနှစ်က ထက် ၃၅ ဆ တိုးမြှင့်ဝယ်ယူနိုင်ခဲ့ပြီး တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၁၁၂ သန်းခန့်ဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ရန်ပုံငွေ တိုးမြှင့်ပေးခဲ့သည့်အတွက် ရလဒ်အနေဖြင့် လူနာများမှ စိုက် ထုတ်ကုန်ကျရငွေသည် ၂ဝ၁၁ ခုနှစ် တွင် ၈ဝ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂ဝ၁၄ ခုနှစ်တွင် ၆ဝ ရာခိုင်နှုန်းအထိ လျှော့ ချနိုင်ခဲ့ကြောင်း။
ဆက်လက်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးရန် အခြေခံ အဆောက်အအုံများ၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေးကို တိုး မြှင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် ဇွန်လအထိ ဆေးရုံများ တိုးချဲ့ဖွင့်လှစ်မှုတွင် ၁၅ ရာခိုင်နှုန်း တိုးတက်လာပြီး ဆရာဝန် များ၊ သူနာပြုဆရာမများလည်း ၂၅ ရာခိုင်နှုန်းတိုးမြှင့် မွေးထုတ်နိုင်ခဲ့ ပါကြောင်း။
ကျန်းမာရေး ကဏ္ဍအတွက် ဆရာဝန်များခန့်ထားမှု သုံးဆခန့်နှင့် သူနာပြုခန့်ထားအရေအတွက် ၃၇ ရာခိုင်နှုန်း မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ ဘဏ္ဍာငွေ တိုးမြှင့်နိုင်မှုနှင့်အတူ တောင်ကြီးမြို့တွင် ၄၆ ဧက ကျယ်ဝန်း သော မြေဧရိယာပေါ်၌ ဆေး တက္ကသိုလ်အသစ်တစ်ခု ဖွင့်လှစ် သွားရန်ဖြစ်ပါကြောင်း။
ကျန်းမာရေး ဝန်ထမ်းများ၏ အရည်အသွေးနှင့် အရည်အချင်း တိုးတက်လာစေရန် ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ် (၁)တွင် သားဖွား မီးယပ်ပညာ၊ ကလေးဆေးပညာ၊ ရောဂါဗေဒ၊ မေ့ဆေးပညာ၊ ဓာတ်မှန် ပညာ၊ အရေးပေါ်ဆေးပညာများကို ဘွဲ့လွန် ဒီပလိုမာသင်တန်းများ ဖွင့် လှစ်ပေးခဲ့ပြီး ဝန်ထမ်း ဆရာဝန်များ နှင့် ဝန်ထမ်းမဟုတ်သော ပုဂ္ဂလိက ဆရာဝန်များကိုလည်း သင်တန်း တက်ရောက်ခွင့်ရရန် စီစဉ်ပေးခဲ့ပါ ကြောင်း။
ပြည်တွင်းပြည်ပ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ၏ အဓိက လိုအပ်ချက်သည် လူတိုင်း လက်လှမ်း မီသော ကျန်းမာရေးစောင့်ရှောက် လွှမ်းခြုံမှုရရှိရန်ဖြစ်ပြီး လူထုအခြေ ပြု အဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများသည် လည်း အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း။
ထို့အပြင် အပြည်ပြည်ဆိုင်ရာ အထောက်အပံ့များလည်း ဆက်လက် လိုအပ်နေဦးမည် ဖြစ်ပါကြောင်း၊ လူတိုင်းလက်လှမ်းမီသော ကျန်းမာ ရေးစောင့်ရှောက်မှု လွှမ်းခြုံရရှိရေး အတွက် ထောက်ပံ့နေသော ကမ္ဘာ့ ဘဏ်ကို လည်းကောင်း၊ အိတ်ခ်ျအိုင် ဗွီ/အေအိုင်ဒီအက်စ်ရောဂါ၊ တီဘီ ရောဂါနှင့် ငှက်ဖျားရောဂါကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းများအတွက် ၂ဝ၁၃-၂ဝ၁၆ ခုနှစ်အထိ အမေရိကန် ဒေါ်လာ ၃၅၄ သန်းထောက်ပံ့နေ သော ကမ္ဘာ့ရန်ပုံငွေအဖွဲ့ကို လည်းကောင်း၊ မိခင်/ကလေး ကျန်း မာရေးနှင့်ကျန်းမာရေးစနစ် တိုးတက် ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ထောက်ပံ့ပေးနေသော ''ထောင်စုနှစ်သုံးမျိုး ရန်ပုံငွေ'' အား လည်းကောင်း ကျေးဇူးတင်ပါ ကြောင်း၊ ယခုကဲ့သို့ ထောက်ပံ့ပေး နေသော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော မိတ်ဖက်အဖွဲ့အစည်းများ၏ အကူ အညီဖြင့် ရည်မှန်းချက်ဖြစ်သည့် လူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဟု ယုံကြည် ပါကြောင်း၊ ယခုညီလာခံမှ ရှေ့ လုပ်ငန်းစဉ်များအတွက် အထောက် အကူပြုမည့် ရလဒ်ကောင်းများ ထွက် ပေါ်လာစေရန် ဆုတောင်းပါကြောင်း ဖြင့် ပြောကြားသည်။
ယင်းနောက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအဖွဲ့မှ ပရော်ဖက်ဆာ ဒင်းန် ဂျမီဆွန်က ထွန်းသစ်စ မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးမှုအတွက် ကျန်းမာရေး ၏ အရေးပါမှု ခေါင်းစဉ်ဖြင့် ဆွေးနွေး သည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ညီလာခံသို့ တက်ရောက်လာကြသည့် ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်များနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က မြန်မာ နိုင်ငံအတွက် ကျန်းမာရေးကဏ္ဍ ဦးစားပေးများ ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိ ကန်သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချယ်လ်က မြန်မာနိုင်ငံ၏ လူမှု စီးပွားဖွံ့ဖြိုးမှုနှင့် ကြွယ်ဝချမ်းသာမှု အတွက် ကျန်းမာရေးသည် အခြေခံ အုတ်မြစ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီး ဟောင်း ပရော်ဖက်ဆာ ဒေါက်တာ ရီကတ်ပ်အက်ဒဂ်က ကျန်းမာရေး အတွက် ဦးဆောင်မှု ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေး ကြသည်။
ထို့နောက် ကျန်းမာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုဗီဒီယိုမှတ်တမ်း ကို ပြသသည်။
ယင်းနောက် မျက်နှာစုံညီ ဆွေးနွေးခြင်းကဏ္ဍတွင် မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍ ပြုပြင်ပြောင်းလဲ ရေးနှင့် ဖွံ့ဖြိုးမှုလိုအပ်ချက်များ ခေါင်းစဉ်ဖြင့် ကျန်းမာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းနှင့် ပြည်ကြီးခင်အဖွဲ့ အစည်းမှ အမှုဆောင်ဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်းတို့က ဆွေးနွေး ကြသည်။
ဖွင့်ပွဲအခမ်းအနား အပြီးတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန မြေညီထပ်၌ ခင်း ကျင်းပြသထားရှိသည့် ရပ်ရွာပြည်သူ များ၏ ပြခန်းများကို ကြည့်ရှု လေ့လာသည်။
ထို့နောက် ညီလာခံကို အစီအစဉ် များအတိုင်း ကျင်းပခဲ့ရာ ဇူလိုင် ၂၉ ရက်တွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ် ပြန်ထားသော အစီရင်ခံစာများအရ မြန်မာပြည်သူများတွင် သွေးတိုး ရောဂါဖြစ်ပွားခြင်း၊ အဝလွန်ခြင်းနှင့် ဆေးလိပ်/ဆေးရွက်ကြီး သုံးစွဲခြင်း သည် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများထက် ပိုမိုမြင့်မားလျက် ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် သေဆုံး မှု၏ ၅၉ ရာခိုင်နှုန်းမှာ မကူးစက် တတ်သော ရောဂါများကြောင့်ဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပြီး အသက်အရွယ် ၃ဝ နှင့် ၇ဝ နှစ်အကြားရှိသူများ၏ လေးပုံ တစ်ပုံမှာ မကူးစက်တတ်သော ရောဂါ များကြောင့် သေဆုံးနိုင်ကြောင်း သိရသည်။


(သတင်းစဉ်)

No comments:

Post a Comment