Wednesday, July 29, 2015

ဂျိုကိုဗစ်ခ်ျသာ တင်းနစ်လောကကိုဆက်လက်လွှမ်းမိုးနေဦးမည်


 
မကြာသေးမီကကျင်းပပြီးစီးခဲ့သည့် ဝင်လ်ဘယ်ဒန်အိုးပင်း ပြိုင်ပွဲတွင်လည်းလက်ရှိချန်ပီယံဘွဲ့ကို အောင်အောင်မြင်မြင်ကာကွယ်နိုင် ခဲ့သည့် ကမ္ဘာ့နံပါတ်(၁)တင်းနစ်ကစားသမား ဂျိုကိုဗစ်ခ်ျသာ တင်းနစ်လောကကိုဆက်လက်လွှမ်းမိုးနေဦးမည်ဟု ယခင်ကမ္ဘာ့အဆင့်(၁)တင်းနစ်ကစားသမားဟောင်း ဂျွန်မက်အန်ရိုးက မှတ်ချက်ပြုခဲ့သည်။
ဂျွန်မက်အန်ရိုးက အသက်(၂၈)နှစ်အရွယ်ရှိ ဂျိုကိုဗစ်ခ်ျမှာ လက်ရှိတွင် အကောင်းဆုံးပုံစံတစ်ရပ်ကို ဆက်လက်ထိန်းထားနိုင်ဆဲဖြစ်သလို ဒဏ်ရာပြဿနာမကြုံတွေ့ရလျှင် နောက်နှစ်နှစ်အထိ တင်းနစ်လောကအား ဂျိုကိုဗစ်ခ်ျသာ ဆက်လက်လွှမ်းမိုးနေဦးမည်ဖြစ်ကြောင်း၊၎င်း အနေဖြင့် နောက်ထပ်အနည်းဆုံးဂရင်းစလင်း ချန်ပီယံဆု ငါးခုလောက်ဆက်လက်ရယူနိုင်ဦးမည်ဖြစ်ကြောင်း ဆိုခဲ့သည်။
သို့သော် ဂျွန်မက်အန်ရိုးက ¤င်းအတွက် ထာဝရအကောင်းဆုံးတင်းနစ် ကစားသမားလေးဦးမှာ ရော့လက်ဗာ၊ ပီထ်ဆန်းပရက်စ်၊ရိုဂျာဖက်ဒဲရာနှင့် ရာဖေးလ်နာဒဲလ်တို့သာဖြစ်ပြီး ဂျိုကိုဗစ်ခ်ျမှာမူ ပဉ္စမမြောက်အကောင်းဆုံးကစားသမားဟု ဖွင့်ဟခဲ့သည်။
ဂျိုကိုဗစ်ခ်ျက''ကျွန်တော့်အတွက် ကဏ္ဍသစ်တွေတစ်ခုပြီးတစ်ခု ဖွင့်လှစ်သွားတော့မှာပါ။ အခု ကိုးခုမြောက်ဂရင်းစလင်းကိုရယူပြီး တဲ့နောက်မှာ နောက်ထပ်ဂရင်းစလင်းပေါင်းမြောက်မြားစွာ ရယူပြီး မှတ်တိုင်သစ်စိုက်ထူသွားဖို့ ဆန္ဒပြင်းပြနေပါတယ်။ ကျွန်တော်အိမ်ထောင်ကျလို့ ဖခင်ဘဝရောက်ပြီးနောက်ပိုင်းမှာ ရလဒ်တွေပိုမိုကောင်းမွန်လာသလို ဘဝရဲ့ အဓိပ္ပာယ်ကိုလည်း ပိုပြီးခံစားတတ်လာပါတယ်'' ဟု ဆိုခဲ့သည်။
ရွိုင်ယန်ဟေဒင်

No comments:

Post a Comment