Friday, July 3, 2015

လွပ်လပ်ရေးနေ့တွင် အိုင်အက်စ်တို့ တိုက်ခိုက်လာနိုင်ကြောင်း ပင်တဂွန်သတိပေး




Myanmaalinn's photo.

ဝါရှင်တန် ဇူလိုင် ၂

စနေနေ့တွင် ကျရောက်မည့် အမေရိကန်ပြည်ထောင်စု လွတ်လပ် ရေးနေ့၌ အိုင်အက်စ်အစွန်းရောက် ထောက်ခံသူများ၏ တိုက်ခိုက်ခံ ရနိုင်ဖွယ်ရှိကြောင်း ပင်တဂွန်ဌာန ချုပ်မှ ယမန်နေ့က သတိပေးထား သည်။
အိုင်အက်စ်နှင့် အယ်လ်ခိုင် ဒါအဖွဲ့ နှစ်ဖွဲ့ကို ယှဉ်ကြည့်ပြီး ဗုဒ္ဓဟူးနေ့က ကျင်းပသော သတင်း စာ ရှင်းလင်းပွဲတွင် အမေရိကန် ကာကွယ်ရေး ဒုဝန်ကြီး အက်ရှ်တန် ကာတာက လာမည့် အားလပ်ရက် များအတွင်း အိုင်အက်စ်တိုက်ခိုက် ရေးသမားများ ရန်ပြုလာနိုင်ကြောင်း သတင်းထောက်များကို ပြောကြား ခဲ့သည်။
လူမှုမီဒီယာခေတ်တွင် အိုင် အက်စ်အိုင်အယ်လ် အဖွဲ့သည် ယခင်က အယ်လ်ခိုင်ဒါအဖွဲ့နှင့် မတူ သောအချက်မှာ ဖြစ်ရပ်ကို သွေးထိုး လှုံ့ဆော်ပေးသူနှင့် အဖွဲ့အစည်း အကြား အမိန့်နာခံမှုနှင့် ထိန်းချုပ် မှုမရှိခြင်းပင်ဖြစ်ကြောင်း ကာတာက အစွန်းရောက်များ၏အခြားအဖွဲ့များ ကို ရည်ညွှန်းလျက် ပြောဆိုသည်။
ပင်တဂွန်မှ သတိပေးမှုမပြုခင် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ပြည်နယ် လုံခြုံရေးဌာနတို့သည် ဇူလိုင် ၄ ရက် အားလပ်ရက်တွင် လုံခြုံရေး ကို တိုးမြှင့်ချထားရန် သတင်း ထုတ်ပြန်ထားပြီးဖြစ်သည်။ လွတ်လပ် ရေးနေ့ အားလပ်ရက်အတွင်း နိုးနိုး ကြားကြားရှိနေကြရန် သတိပေး ထားသည်။
သောကြာနေ့က ပြင်သစ်၊ တူနီးရှား၊ ကူဝိတ်တို့တွင် လူပေါင်း ၆ဝ ကျော် သေဆုံးခဲ့ရသည့် တိုက် ခိုက်ခံရမှုတိုင်းတွင် အိုင်အက်စ်တို့ ပတ်သက်မှုရှိသည်။ ၄င်းတို့ အဖွဲ့ အဓိကခြေကုပ်ရယူထားသော အီရတ် နှင့် ဆီးရီးယားအပြင်ဘက်သို့ထိ အောင်ပင်ခြိမ်းခြောက်မှုများ ပျံ့နှံ့ လာနေပြီဖြစ်သည်။
ဖြစ်ရပ်သုံးခုကြား တိုက်ရိုက် ဆက်နွှယ်မှုကို အမေရိကန် ထောက် လှမ်းရေးအဖွဲ့မှ အစပိုင်းတွင် အတိ အကျမပြောနိုင်သော်လည်း အိုင် အက်စ်တို့က ဥပုသ်ကာလအတွင်း တိုက်ခိုက်မှုများပြုလုပ်ရန် ချမှတ်ထား သည့်အချက်များနှင့် သက်ဆိုင်မှုရှိ နေကြောင်း ဖော်ပြထားသည်။

(ဆင်ဟွာ)

No comments:

Post a Comment