မုတ်သုံလေအားကောင်းလျှင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှာ ယခင်က
မိုးနည်းသည်။ မြန်မာနိုင်ငံအလယ်ပိုင်းသည် မုတ်သုံလေနှင့်
ပြောင်းပြန်အချိုးကျသည်။ ယခု မုတ်သုံလေအားကောင်းသောအခါ
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ မိုးကောင်းလာသည်ကို တွေ့ရသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ယခင်ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ပြောင်းလဲလာခြင်း
ဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းသည် မုတ်သုံလေအားကောင်းသည်ဖြစ်စေ၊
အားနည်းသည်ဖြစ်စေ မိုးရွာချင်လျှင်ရွာသည်။ မရွာချင်လျှင်လည်း မရွာသွန်း
တော့ချေ။ ဖောက်လွဲဖောက်ပြန်ရာသီဥတုသည် မြန်မာနိုင်ငံအလယ်ပိုင်း အတွက်
ပုံသေကားချပ်မရှိတော့ပါ။ အမှန်တကယ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းသည်
ပူပြင်းခြောက်သွေ့သည့် မိုးနည်းရပ်ဝန်းဒေသဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးခေါင်သောကြောင့်
သဲကျောက်ထူထပ်ပြီး မြေဆီသြဇာညံ့သဖြင့် အပင်ကြီးများကောင်းစွာ
မပေါက်ရောက်နိုင်။ ချုံငယ်နှင့် ပုပုပျပ်ပျပ်အပင်များသာ ပေါက်ရောက် သည်။
မိုးအနည်းငယ်ရပြီး ရေနီးကမ်းစပ်အရပ်များတွင် အပင်ကြီးများ
ပေါက်ရောက်တတ်သည်။ သန်း၊ ဒဟတ်၊ ရှား၊ ထနောင်း စသည့်အပင်များ ပေါက်ရောက်သည်။
အချို့ဒေသများတွင် အင်တိုင်းတောများရှိပြီး သစ်ရာနှင့်
အင်ကြင်းပင်များပေါက်ရောက်သည်။
ယခုအခါ
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးများလာသည်။ မုတ်သုံလေအားကောင်းသည်
ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ မိုးရွာသွန်းသည့် နှစ်များ များလာသည်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအဖို့ ရာသီဥတု ပြောင်းလဲမှုကို
ထိရောက်စွာအသုံးချရမည့် အချိန်ရောက်လာသည်။ ဦးစွာ မြေဆီလွှာကို
ထိန်းသိမ်းနိုင်မည့် သစ်ရာ၊ အင်ကြင်း၊ ပိတောက်၊ ထနောင်း
စသည့်အပင်ကြီးများကို ပျိုးထောင်စိုက်ပျိုးသင့်သည်။ သစ်တော၊ သစ်ပင်
ထူထပ်လျှင် ရာသီဥတုပြောင်းလဲမှုကို ကာကွယ်နိုင်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသနေပြည်သူများအဖို့ မိုးမကြိုက်သော်လည်း
မိုးရေရခိုက် မိမိဒေသစိမ်းလန်းစိုပြည်အောင် သစ်တော၊ သစ်ပင်များကို
ပျိုးထောင်စိုက်ပျိုးသင့်သည်။ မိုးရေကိုသိုလှောင်ပြီး ဆယ့်နှစ်ရာသီ
စိုက်ပျိုး နိုင်အောင် ကြိုးပမ်းသင့်သည်။ ရာသီဥတုနှင့်လိုက်ဖက်သည့်
သီးနှံပင်များကို ပြောင်းလဲစိုက်ပျိုးကြမည်ဆိုလျှင် မိုးဖျက်သဖြင့်
သီးနှံပျက်ရသည်ဟု အပြစ်ပုံချ နေစရာလိုမည်မဟုတ်ချေ။
အလယ်ပိုင်းဒေသ မြေလွှာညံ့ရသည်မှာလည်း မိုးခေါင်သောကြောင့် ဖြစ်သည်။
အလယ်ပိုင်းဒေသ မြေလွှာညံ့ရသည်မှာလည်း မိုးခေါင်သောကြောင့် ဖြစ်သည်။
မိုးကောင်းလျှင် မြေလွှာထိန်းသိမ်းရေး၊ ကောင်းမွန်ရေးအတွက်
သစ်ပင်ကိုချစ်ခင်စိုက်ပျိုးကြရမည်။ ယခုအခါ မြန်မာနိုင်ငံအလယ်ပိုင်း
တစ်ခွင်တွင် စိမ်းစိမ်းစိုစိုနှင့် လှပဝေဆာနေသည်။ မြစ်ချောင်းများ မပေါများ
သဖြင့် ရေကြီး၊ ရေလျှံခြင်းလည်း မရှိချေ။ ရွာသွန်းဖြိုးသည့် မိုးရေကိုသာ
ရယူအသုံးချဖို့လိုပေသည်။
မြန်မာနိုင်ငံ၏ အကျယ်ပမာဏ
စတုရန်းမိုင်ပေါင်း ၂၆၁၆၁ဝ ရှိသည့် အနက် ယခင်ကဧရိယာ ၅၄ ဒသမ ၁၅
ရာခိုင်နှုန်းမှာ သစ်တောကြီးများ ဖုံးလွှမ်းခဲ့သည်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ အပူပိုင်းဒေသဖြစ် သော်လည်း
သစ်တောကြီးများရှိခဲ့သည်။ ပျဉ်မနားသစ်တောကြီးမှာ ထင်ရှားသည်။ ကြိုးပြင်တော၊
ကြိုးဝိုင်းတောများရှိခဲ့သည်။
ထိုသစ်တောကြီးများမှာ အပူ၊ အအေး၊ လေ၊
မိုး စသည့်ရာသီဥတုများကို ညီညွတ်မျှတကောင်းမွန်စေရန် ကူညီသည်။ ရေများကို
အလဟဿ အကျိုးမဲ့စီးဆင်းမသွားစေဘဲ ထိန်းသိမ်းပေးထားသည်။ ရေစီးတွင် အဖိုးတန်
မြေဆီလွှာများ ကျေပျက်မျောပါသွားခြင်းမရှိစေရန်လည်း ကာကွယ်ပေး ထားသည်။
ပြည်သူများနှင့်တိုင်းပြည်အတွက် လိုအပ်သော အဖိုးတန်သစ်၊ ဝါး စသည်တို့ကို
အလွယ်တကူရရှိနိုင်အောင် အထောက်အပံ့ပေးသည်။ သို့သော် ယခုအခါ
လူတို့၏ပယောဂကြောင့် သစ်တောများပြုန်းတီးသွားပြီး ရာသီဥတုလည်း
ဖောက်ပြန်လာသည်။
ထို့ကြောင့် ရာသီဥတုကို ရာသီဥတုနှင့် ကျွန်ုပ်တို့ကုစားကြရမည်။ သစ်တောမရှိ၍ ရာသီဥတုဖောက်ပြန်၊ ရာသီဥတုဖောက်ပြန်သဖြင့် ယခုလိုမိုးများနေချိန်တွင် သစ်တောများကို ပြန်လည်ထူထောင်ကြရမည်။ သို့မှသာ ရာသီဥတုမှန်ကန်ပြီး ကျွန်ုပ်တို့မြေလွှာလည်း စိုပြည်လှပလာမည် ဖြစ်သည်။ ။
ထို့ကြောင့် ရာသီဥတုကို ရာသီဥတုနှင့် ကျွန်ုပ်တို့ကုစားကြရမည်။ သစ်တောမရှိ၍ ရာသီဥတုဖောက်ပြန်၊ ရာသီဥတုဖောက်ပြန်သဖြင့် ယခုလိုမိုးများနေချိန်တွင် သစ်တောများကို ပြန်လည်ထူထောင်ကြရမည်။ သို့မှသာ ရာသီဥတုမှန်ကန်ပြီး ကျွန်ုပ်တို့မြေလွှာလည်း စိုပြည်လှပလာမည် ဖြစ်သည်။ ။
No comments:
Post a Comment