Friday, July 31, 2015

ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်၍ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးသွားမည်




Myanmaalinn's photo.

နေပြည်တော် ဇူလိုင် ၃ဝ 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့အခြေစိုက် အာရှလူမှုအဖွဲ့ အစည်းဆိုင်ရာ မူဝါဒအဖွဲ့ဥက္ကဋ္ဌ သြစတြေးလျဝန်ကြီးချုပ်ဟောင်းMr. Kevin Rudd နှင့်အဖွဲ့သည် ဇူလိုင် ၂၈ ရက် ညနေ ၃ နာရီက နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံစဉ် Mr. Kevin Rudd က မြန်မာနိုင်ငံ၏ဒီမိုကရေစီအသွင် ကူးပြောင်းရေးဆောင်ရွက်ချက်များ ကို အသိအမှတ်ပြုခဲ့ကြောင်းနှင့် ဆောင်ရွက်ချက်များအပေါ် လက်တွေ့ ကျကျ ကူညီဆောင်ရွက်လိုပါကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိရှိလို သည့် အခြေခံမဲစာရင်းပြုစုကြေညာ ခြင်း၊ မဲရုံအရေအတွက်၊ မဲရုံ ဝန်ထမ်းများအား လေ့ကျင့်သင်ကြား ပေးခြင်း၊ မဲဆန္ဒရှင်များ မဲပေးမည့် အခြေအနေတို့နှင့် ပတ်သက်၍ မေးမြန်းရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် စပ်လျဉ်း၍ မဲစာရင်းအမှန် ရရှိရေးအတွက် ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်း လာရောက်ကြည့်ရှု၍ အမှားများကို ပြင်ဆင်ခြင်းဖြင့် အမှန်ရရှိမည် ဖြစ်ကြောင်း၊ နောက်ဆုံးအကြိမ် မဲစာရင်းကပ်သည့်အခါတွင် မဲစာရင်း ပြင်ပေးရန်တောင်းဆိုခြင်းကို ၁၄ ရက် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း၊ မဲဆန္ဒရှင်၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ မဲစာရင်းအမှန်ရရှိမည်ဖြစ်ပြီး နောင် ကျင်းပမည့် ရွေးကောက်ပွဲများ အတွက်လည်း မှန်ကန်သောမဲစာရင်း တစ်ခုရှိနေမည်ဖြစ်ကြောင်း၊ မဲစာရင်း မှားရုံဖြင့် မဲပေးခွင့်မဆုံးရှုံးကြောင်း၊ မဲပေးခွင့်ရှိသူ အမှန်ဖြစ်ကြောင်း တာဝန်ခံပြောကြားသူရှိလျှင် ပြင်ဆင် ရေးမှတ်၍ မဲပေးခွင့်ပြုရမည်ဟု လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ၅ဝ (ဂ) တွင် အတိအလင်းပြဋ္ဌာန်း ထားပါကြောင်း၊ မဲဆန္ဒရှင်များ မဲပေး နိုင်ရေးအတွက်လည်း မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ထုတ်ပေး ရန် အစီအစဉ်ရှိကြောင်း၊ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၂ဝ၁ဝ ရွေးကောက်ပွဲ၌ မဲပေးခဲ့သည့် မဲဆန္ဒရှင် ၇၂ ရာခိုင်နှုန်းထက် ကျော် လွန်မဲပေးမည်ဟု မျှော်မှန်းပါကြောင်း၊ တစ်နိုင်ငံလုံးတွင် မဲရုံအရေအတွက် ၄ဝဝဝဝ ကျော်ရှိမည်ဟု ခန့်မှန်းပါ ကြောင်း၊ မဲရုံဝန်ထမ်း ခြောက်သိန်း ခန့်ကို လေ့ကျင့်သင်ကြားပေးရန် အတွက် လက်စွဲစာစောင်များ၊ သင်ကြားရေး အထောက်အကူပြု ဗီဒီယိုများ ပြုစုထားပြီးဖြစ်ကြောင်း၊ ခိုင်လုံမဲဖြစ်စေရေးနှင့် ပယ်မဲမဖြစ်စေ ရေးအတွက် ပညာပေးသွားမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးကော်မတီအဆင့်ဆင့်နှင့် ရွေး ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင် ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်၍ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ အဖြစ် ကျင်းပပေးသွားမည်ဖြစ်ပြီး Observer အဖွဲ့များ၏ အစီရင်ခံစာ များမှ သင်ခန်းစာယူစရာများ ကို နောင်လာမည့်ရွေးကောက်ပွဲများ အတွက် သုံးသပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment