Friday, July 31, 2015

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး





နေပြည်တော် ဇူလိုင် ၃ဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး မစ္စတာ သီယရီမာသူအား ယနေ့နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုတိုးတက် ခိုင်မာလာမှု၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံ ၏ဘဏ္ဍာရေးဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများ တွင် ရင်းနှီးမြှုပ်နှံရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ‘ဒုတိယဝန်ကြီး ဦးသန့် ကျော်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment