Friday, July 31, 2015

အက်သလက်တီကိုနဲ့ ပြန်ပေါင်းထုတ်မယ့်လူးဝစ်


 





ကောင်းမြတ်သူ-စုစည်းသည်

ပြီးခဲ့တဲ့ ရာသီက ချယ်လ်ဆီးက ပေါင် ၁၆ သန်းနဲ့ ခေါ်ယူခဲ့တဲ့ နောက် ခံလူ ဖီးလစ်လူးဝစ်ကို အက်သလက် တီကိုက ပြန်လည်ခေါ်ယူခဲ့ပါတယ်။ လူးဝစ်ဟာ ချယ်လ်ဆီးမှာတစ်နှစ်သာ ကစားခဲ့ပြီး အက်သလက်တီကိုသို့ ပြန်သွားခဲ့တာပါ။

ဘရာဇီး နောက်ခံကစားသမား ဖီးလစ်လူးဝစ်ဟာ နည်းပြမော်ရင် ဟိုရဲ့ လက်ထက်မှာ အောင်မြင်မှု မရခဲ့ပါဘူး။ သူ့ရဲ့ပြောင်းရွှေ့ကြေး ကိုတော့ ပြီးခဲ့တဲ့ရာသီက ပြောင်းရွှေ့ ကြေးအတိုင်း သဘောတူခဲ့တယ်လို့ အက်သလက်တီကိုနည်းပြ ဒီယေ ဂိုဆီမြူနီက ဆိုပါတယ်။ လန်ဒန် အနောက်ပိုင်းကလပ် ချယ်လ်ဆီး အသင်းအနေနဲ့ လူးဝစ်နေရာမှာ ဂါလာတာစာရေးက အဲလက်စ်တဲ လက်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေ တယ်လို့ ဆိုပါတယ်။

လူးဝစ်ဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းနဲ့ ၂၆ ပွဲသာ ပါဝင် ကစားခဲ့ပြီး တစ်ဂိုးသာသွင်းယူပေး နိုင်ခဲ့ပါတယ်။ တောင်အမေရိက ကစားသမား လူးဝစ်ဟာ အက်သ လက်တီကိုအသင်းမှာ ၁၂၇ ပွဲ ပါဝင် ကစားခဲ့ပြီး အောင်မြင်ခဲ့တဲ့ ကစား သမားတစ်ဦးဖြစ်ခဲ့ကာ ယူရိုပါလိဂ်နဲ့ ကိုပါဒယ်ရေးဖလားတို့ကို ဆွတ်ခူး ပေးနိုင်ခဲ့ပါတယ်။ ။

No comments:

Post a Comment