နေပြည်တော် ဇူလိုင် ၂၈
စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂ဝ၁၅)ကို ယနေ့နံနက် ၉ နာရီခွဲက အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း တက်ရောက်အမှာစကား ပြောကြားသည်။ (ယာပုံ)
အစည်းအဝေးသို့ လုပ်ငန်း ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသ ကြီး/ပြည်နယ်များမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးများ၊ ဗန်ကောက် FAO ရုံး၏ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူးချုပ်၊ ဌာနေကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက် ရောက်ကြသည်။
အစည်းအဝေးတွင် စားနပ်ရိက္ခာ နှင့် အာဟာရဖူလုံရေးဆိုင်ရာလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေး လုပ်ငန်းသည် ရေရှည်ဆောင်ရွက် ရမည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ဆောင် ရွက်ပြီးစီးမှုများကို ပြန်လည်သုံးသပ် ပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ အကြား ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
မဟာဗျူဟာကျသည့် မူဘောင် ကို ချမှတ်ရာတွင် ပြည်သူဗဟိုပြုပုံစံ၊ ပေါင်းစည်းမှုပုံစံဖြင့် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ယနေ့ မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် စားနပ်ရိက္ခာဖူလုံရေးအတွက် ကမ္ဘာ လုံးဆိုင်ရာ အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြပါကြောင်း၊ စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂညီလာခံတွင် ထောင်စု နှစ်လွန် ရည်မှန်းချက်များ(Sustai-nable Development Goals-SDGs ကို အတည်ပြုမည်ဖြစ်သည့် အတွက် SDGs ရည်မှန်းချက်ပန်းတိုင် အမှတ်(၂)ဖြစ်သည့် ငတ်မွတ်ခေါင်းပါး မှုအဆုံးသတ်ရေး၊ အစားအစာဖူလုံ ရေး၊ အာဟာရပြည့်ဝရေးအတွက် စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေး ဆိုင်ရာမူဝါဒတွင် ထည့်သွင်း၍ အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ မဟာဗျူဟာရေးဆွဲ ချမှတ်ရာတွင် ထည့်သွင်းစဉ်းစားသွား ရန် လိုအပ်ပါကြောင်း၊ အမျိုးသား အဆင့်လုပ်ငန်းစဉ်များကိုသက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်များအကြား စနစ် တကျ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးသကဲ့သို့ လက်တွေ့ အကောင်အထည်ဖော်နိုင်မည့်လုပ်ငန်း စဉ်များကိုလည်း ဦးစားပေးအလိုက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
သို့မှသာ Zero Hunger Chall-enge တွင် ပါဝင်သည့် အသက် နှစ် နှစ်အောက်ကလေးငယ်များ ကြီးထွား မှုနှောင့်နှေးစေခြင်းအား ရာနှုန်းပြည့် လျှော့ချပေးရန်၊ တစ်နှစ်ပတ်လုံး လုံလောက်သော အစာရေစာရာနှုန်း ပြည့်ရရှိစေရန်၊ စားနပ်ရိက္ခာထုတ် လုပ်မှုစနစ်အားလုံး ရေရှည်တည်တံ့ စေရန်၊ လုပ်ကွက်ငယ်တောင်သူများ ၏ ထုတ်လုပ်မှုနှင့် ဝင်ငွေရာနှုန်းပြည့် တိုးမြှင့်စေရန်နှင့် အစားအစာလေလွင့် မှုပပျောက်စေရန် စသည့် မဏ္ဍိုင်(၅) ခုကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း။
မဏ္ဍိုင်(၅)ခု အောင်မြင်ရန် အတွက် အလေးထားစဉ်းစားရမည့် အရေးကြီးသည့်အချက်မှာ စိုက်ပျိုး ရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ် မှု ရေရှည်တည်တံ့ရေး ဖြစ်ပါကြောင်း၊ စားနပ်ရိက္ခာဖူလုံရန်အတွက် ပင်မကြီး ၄ ခု ဖြစ်သည့် အစားအသောက်ရရှိ နိုင်မှု၊ အစားအစာရရှိရန် လက်လှမ်းမီ ရန်အတွက် စီးပွားရေးနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ အခြေအနေ၊ အစားအစာကို ကျန်းမာရေးနှင့် ညီညွတ်စွာစားသုံးနိုင်မှုနှင့် အချိန်နှင့် အမျှဖြစ်ပေါ်နိုင်သည့် ဘေးကျရောက် ချိန်တွင် အစားအစာရရှိရန် စသည့် အချက်များကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်ပါကြောင်း။
FAO နှင့် ပူးပေါင်းဆောင်ရွက် မည့် National Zero Hunger Cha-llenge ဆိုင်ရာ အစီအမံများအတွက် ၂ဝ၂၅ ခုနှစ်အတွင်း ဆောင်ရွက်ရန် ရည်မှန်းထားရှိပြီး ရည်မှန်းချက် ပြည့်မီရေးအတွက် ကာလအပိုင်း အခြားအလိုက် လုပ်ငန်းစဉ်များကို ထည့်သွင်းရမည် ဖြစ်ပါကြောင်း၊ စားနပ်ရိက္ခာဖူလုံမှုကို အထောက် အကူပြုနေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ရေရှည် တည်တံ့ရေးအတွက် သယံဇာတ အရင်းအမြစ်များ စနစ်တကျ အသုံးပြု နိုင်ရေး၊ သဘာဝအရင်းအမြစ် များ ရေရှည်ထိန်းသိမ်းကာကွယ်နိုင်ရန် လိုအပ်သည့် ဆောင်ရွက်မှုများနှင့် ဖြည့်ဆည်းရမည် ဖြစ်ပါကြောင်း။
လယ်ယာစိုက်ပျိုးရေးသည် ကျေး လက်နေပြည်သူများအတွက် အသက် မွေးဝမ်းကျောင်းဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ သာယာဝ ပြောရေးကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း၊ ဂေဟစနစ်ဖွံ့ဖြိုးပြီး လူမှုအဖွဲ့အစည်းနှင့် ပြည်သူများ အားကောင်းလာမှသာ လယ်ယာ ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ လယ်ယာနှင့် မွေးမြူ ရေးလုပ်ငန်းများသည် ရေရရှိရေးပေါ် တွင် မူတည်နေသဖြင့် စားနပ်ရိက္ခာ နှင့်အတူ ရေဖူလုံရေးအတွက်ကို လည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါ ကြောင်း၊ လုပ်ငန်းများစနစ်တကျ အကောင်အထည်ဖော်နိုင်ရန်အတွက် ထိရောက်ထက်မြက်သည့် စီမံခန့်ခွဲမှု စနစ်အားကောင်းရေးကို ဝိုင်းဝန်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
အနာဂတ်မျှော်မှန်းချက်များအရ စားနပ်ရိက္ခာမဖူလုံမှုနှင့် အာဟာရ ချို့တဲ့မှုများသည် နိုင်ငံများအကြား ဆက်၍ရှိနေဦးမည်ဟု ခန့်မှန်းထား ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရေရှည်အကျိုးကိုမျှော်လင့်၍ မဟာ ဗျူဟာများကို ချမှတ်သွားရမည် ဖြစ်ပါကြောင်း၊ တစ်ဦးကျဝင်ငွေများ တိုးတက်လာသော်လည်း တစ်ဦးကျ စားသုံးမှုတွင် မလုံလောက်မှုများ ရှိနေဦးမည်ဖြစ်ပါကြောင်း၊ စားနပ် ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝ ရေးအတွက် လက်လှမ်းမီရေး ထည့်သွင်းစဉ်းစားထားရန် လိုပါ ကြောင်း၊ စားသုံးမှုပိုင်းတွင်လည်း ကျန်းမာသန်စွမ်းပြီး အာဟာရဖြစ် စေသည့် အစားအသောက်များကို လူတိုင်းစားသောက်စေရေးနှင့် အစား အစာလေ့လွင်မှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ စားနပ် ရိက္ခာဖူလုံရေးတွင် အဓိကကျသည့် လယ်ယာကဏ္ဍ၏ တီထွင်ဆန်းစစ်မှု များကို စဉ်ဆက်မပြတ် ထည့်သွင်း စဉ်းစားသွားရမည်ဖြစ်ပြီး ပြည်တွင်း စားသုံးမှုအတွက်လိုအပ်သည့် အဓိက ကုန်စည်များနှင့် အခြားကုန်စည် များအတွက် ထုတ်လုပ်မှုတိုးတက်ရေး သာမက ပို့ကုန်တိုးမြှင့်ရေးအတွက် လည်း စဉ်းစားရမည်ဖြစ်ပါကြောင်း။
လယ်ယာစိုက်ပျိုးရေးကိုသာ အားထားရမည့် အိမ်ထောင်စုများ လည်း ဆက်လက်ရှိနေမည်ဖြစ်၍ မြို့ပြဖြစ်ထွန်းမှုနှင့်အတူ ကျေးလက် ဒေသဖွံ့ဖြိုးရေးကိုလည်း ဟန်ချက်ညီ ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ မြို့ပြဖြစ်ထွန်းမှုနှင့်အတူ မြို့ပြ စိုက်ပျိုးရေး တိုးတက်ဖြစ်ပေါ်ရေးကို နိုင်ငံတော်အပိုင်းအပြင် ပုဂ္ဂလိက အပိုင်းကလည်း ပါဝင်လာရန် စည်းရုံး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်များ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန်နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ပြီး အမြင်ချင်းဖလှယ်၍ မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှု ရေရှည်တည်တံ့ စေရေးနှင့် အာဟာရပြည့်ဝစေရေး အတွက် ဝိုင်းဝန်းကြိုးပမ်း အဖြေရှာ ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် FAO ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံးမှ လက် ထောက်ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ နှင့် ဒေသတွင်း စားနပ်ရိက္ခဖူလုံမှု အခြေအနေ၊ အနာဂတ်မျှော်မှန်းချက် နှင့်မြန်မာနိုင်ငံ၌ အကောင်အထည် ဖော်ရေးအတွက် Status of global and regional food security and future outlook and their implication to Myanmar နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ဒေါက်တာ ကံဇော်နှင့် တက်ရောက် လာကြသူများက ရာသီဥတုနှင့် မြို့ပြ ပြောင်းလဲမှု၊ စိုက်ပျိုးရေးကဏ္ဍနှင့် လယ်ယာကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက် ရေး၊ တောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှု လျှော့ချရေး၊ အနာဂတ်တွင် စားနပ် ရိက္ခာဖူလုံရေး၊ ငတ်မွတ်မှုပပျောက် ရေး၊ ထုတ်ကုန်များနှင့် တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ် လုပ်နိုင်ရေးနှင့် ဈေးကွက်ရရှိရေး၊ အစားအစာလုံခြုံရေး၊ ကျေးလက်နေ ပြည်သူများ ဝင်ငွေရပေါက်ရလမ်းများ တိုးတက်ရရှိရေး၊ ရေလုံလောက်စွာ ရရှိရေးတို့နှင့်စပ်လျဉ်း၍ အပြန် အလှန် မေးမြန်းဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယသမ္မတက FAO ၏ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူးချုပ် Dr. Hiroyuki Konuma နှင့် မြန်မာနိုင်ငံဆိုင်ရာ FAO ဌာနေ ကိုယ်စားလှယ် Ms. Bui Thi Lan တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
(သတင်းစဉ်)
No comments:
Post a Comment