Thursday, July 2, 2015

အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှု သေဆုံးသူ ၁၄၁ ဦးထိရှိ


 
ဂျကာတာ ဇူလိုင် ၁
အင်ဒိုနီးရှားနိုင်ငံ၏ မီဒန်မြို့လူနေရပ်ကွက်အတွင်းသို့ စီ-၁၃ဝ သယ်ယူ ပို့ဆောင်ရေးလေယာဉ်တစ်စင်း ပျက်ကျခဲ့မှုဖြစ်စဉ်၏ သေဆုံးမှုနှုန်းမှာ ယနေ့ အချိန်ထိ သေဆုံးသူပေါင်း ၁၄၁ ဦးထိရှိလာခဲ့ကြောင်း ဒေသဆိုင်ရာ သတင်း များအရ သိရသည်။
ဖြစ်စဉ်မှာ စက်ပိုင်းဆိုင်ရာချွတ်ယွင်းချက်ကြောင့် လေယာဉ်ပျက်ကျခဲ့ရ ခြင်းဖြစ်ကြောင်း လေတပ်ဗိုလ်ချုပ် ဆူပရီရာနာက အတည်ပြုပြောကြားခဲ့သည်။
''လေယာဉ်က အင်ဂျင်ချွတ်ယွင်းချက်ကြောင့် လေဆိပ်ကို ပြန်လှည့်နေခိုက်မှာပဲ ပျက်ကျသွားခဲ့တာပါ'' ဟု ယင်းကဆိုသည်။ ၂ဝဝ၇-၂ဝဝ၉ ခုနှစ်များတွင် အင်ဒိုနီးရှားနိုင်ငံ၏ လေကြောင်းလိုင်းများအား လုံခြုံဘေးကင်းမှုမရှိသဖြင့် ဥရောပနိုင်ငံများသို့ ပြေးဆွဲပျံသန်းခွင့်ကို ဥရောပသမဂ္ဂက ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် လွန်ခဲ့သော ဒီဇင်ဘာက ဆူမတြားပြည်နယ် မှ စင်ကာပူနိုင်ငံသို့ ပြေးဆွဲပျံသန်းနေသည့် ခရီးသည် ၁၆၂ ဦးလိုက်ပါစီးနင်းခဲ့ သော အဲအေရှလေယာဉ်တစ်စင်း ဂျာဗားကျွန်းပေါ်သို့ ပျက်ကျခဲ့သည်။
ဆင်ဟွာ။

No comments:

Post a Comment