Thursday, July 2, 2015

အိန္ဒိယတွင် မြေပြို၊ လူ ၃ဝ ထက်မနည်း သေဆုံး


 
ဒါဂျီလင် ဇူလိုင် ၁
အိန္ဒိယနိုင်ငံ၏ လက်ဖက်စိုက်ပျိုး သော ဒါဂျီလင်ဒေသတွင် မိုးသည်း ထန်စွာရွာသွန်းသဖြင့် မြေပြိုမှုဖြစ်ပွား ရာ အနည်းဆုံး လူ ၃ဝ သေဆုံး ကြောင်း ရဲတပ်ဖွဲ့က ယနေ့ပြောကြား ခဲ့သည်။
အနောက်ဘင်္ဂလားပြည်နယ်ရှိ မီရစ်၊ ကာလင်ပေါင်နှင့် ဒါဂျီလင်မြို့ များ၌ နေအိမ်များကို ရွှံ့ညွန်များ ဖုံးအုပ်သွားခဲ့ရာ ကယ်ဆယ်ရေး သမားများက ရွှံ့ညွန်များ၊ အပျက် အစီးများကို တူးဆွလျက် အသက်ရှင် သူများကို ရှာဖွေလျက်ရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။
ရွှံ့ညွန်နှင့် အပျက်အစီးပုံများ အောက်၌ ပိတ်မိလျက်ရှိသည့် လူများ မှာ သေဆုံးသွားဖွယ်ရာ ရှိသည်ဟု ယူဆရသည်။
လမ်းများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများမှာလည်း ပျက်စီးသွား ခဲ့သည်ဟု တာဝန်ရှိသူများက ပြော သည်။
ရိုက်တာ။

No comments:

Post a Comment