Thursday, July 2, 2015

သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန်လိုအပ်


 
နေပြည်တော် ဇူလိုင် ၁
သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ဆွေးနွေးပြောကြားရာတွင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွား တိုးတက်ရေးဆောင်ရွက်ရာတွင် လုပ်ငန်းကဏ္ဍအလိုက် သုတေသနပြုသည့် လုပ်ငန်းများသည် များစွာအရေးပါ သဖြင့် အားပေးမြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းကဏ္ဍအသီးသီးတွင် လိုအပ်သည့် စူးစမ်းလေ့လာ သုတေသနပြုမှုများကို ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံတကာအဖွဲ့ အစည်းများထံမှ နည်းပညာကျွမ်းကျင်သူ အကူအညီဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး သုတေသနပြုမှု၊ နည်းပညာလေ့လာ သုံးသပ်မှုများ လက်တွဲဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ယခု အခါ သုတေသနလုပ်ငန်းများကို အစိုးရ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ တက္ကသိုလ်များအပါအဝင် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သိပ္ပံနှင့် နည်းပညာသုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုလုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာကော်မတီ များကို ဘာသာရပ်နယ်ပယ်များအလိုက် သုတေသနဌာန များ၊ တက္ကသိုလ်များ၊ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် အခြားအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ် က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ လက်ရှိဆောင်ရွက် လျက်ရှိသော သုတေသနလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ သုတေသနဆောင်ရွက် နေသော သက်ဆိုင်ရာဦးစီးဌာနများနှင့် ဝန်ကြီးဌာနများ၊ တက်ရောက်လာကြသူများနှင့် ပြည်ထောင်စုဝန်ကြီးတို့က ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment