Thursday, July 30, 2015

ဘာစီလိုနာကွင်းလယ်လူ စတုတ်ကို ပြောင်းလာ



 

ဟော်လန်လက်ရွေးစင်ကွင်းလယ် ကစားသမား အီဘရာဟင်အဖယ် လေကို စတုတ်စီးတီးက အလွတ် ပြောင်းရွှေ့မှုနဲ့ ခေါ်ယူလိုက်ပြီဖြစ် ပါတယ်။ အသက် ၂၉ နှစ်အရွယ် ရှိ အဖယ်လေဟာ ပြီးခဲ့တဲ့လက ဘာစီလိုနာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် စတုတ် သို့ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပါတယ်။ အဖယ်လေက ပြီးခဲ့တဲ့ရာသီက ဘာစီ လိုနာမှ ပြောင်းရွှေ့သွားတဲ့ မူနီဆာ၊ အိုဂျန်ခရစ်တို့နဲ့ ဆက်သွယ်ပြီး စတုတ်သို့ ပြောင်းလာခဲ့ခြင်းဖြစ်ပါ တယ်။ ၂ဝ၁၁ ခုနှစ်က ဏှဠ မှ ပြောင်းလာတဲ့ ကွင်းလယ်လူ အ ဖယ်လေကို ဘာစီလိုနာအသင်းမှာ အောင်မြင်တဲ့ကစားသမားမဖြစ်ခဲ့ပါ ဘူး။ ဒါ့ကြောင့်လည်း ပြီးခဲ့တဲ့လက သက်တမ်းမကုန်ဆုံးမီ အဖယ်လေကို ဘာစီလိုနာက ရှော်လ်ကေးနဲ့ အိုလံ ပီကို့စ်အသင်းတွေမှာ အငှားချထား ခဲ့ပါတယ်။ အဖယ်လေဟာ ဟော် လန်အသင်းနဲ့ ပွဲပေါင်း ၅ဝ ပါဝင် ကစားခဲ့ပါတယ်။ သို့ပေမယ့် ၂ဝ၁၃ ခုနှစ်မှစပြီး ငါးပွဲသာပါဝင်ကစားခွင့် ရခဲ့ပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment