Thursday, July 30, 2015

မိုးသည်းထန်သဖြင့် လှည်းကူးမြို့နယ်ရှိ ဌာနဆိုင်ရာရုံးအချို့တွင် ရေ၀င်နေ



 

ရန်ကုန် ဇူလိုင် ၂၉
မိုးမပြတ်ရွာသွန်းမှုကြောင့် ဒေသ အချို့တွင် ချောင်းရေကြီး၍ ရပ်ကွက် ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသ ကြီး လှည်းကူးမြို့နယ် ရန်ကင်း ရပ်ကွက်အတွင်းရှိ မြို့နယ်ဥပဒေရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနရုံးများတွင် ဇူလိုင် ၂၇ ရက်မှစ၍ လမ်းပေါ်ရေမြုပ် ပြီး ရုံးအတွင်းသို့ ရေများဒူးဆစ်ခန့်အထိဝင်ရောက်လျက်ရှိကြောင်း သိရ သည်။
''ဒီလမ်းက နှစ်တိုင်းရေမြုပ်တယ်။ မနှစ်က လဝကမှတ်ပုံတင်ရုံးမှာ ရေဝင်လို့ ထွေအုပ်ရုံးကိုသွားပြီး ရုံး ထိုင်ရတယ်။ ဥပဒေရုံးက အောက်ခြေ မြင့်တော့ ရေမမြုပ်ဘူး''ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာနရုံးအနီးမှ ထမင်းဆိုင်ပိုင် ရှင်တစ်ဦးက ပြောသည်။ ရုံးများ အတွင်းရေဝင်နေသဖြင့် ဝန်ထမ်းများ နှင့် ဌာနဆိုင်ရာသို့လာသောပြည်သူ များအနေဖြင့် အခက်အခဲဖြစ်လျက် ရှိကြောင်း သိရသည်။
ရန်ကင်းရပ်ကွက်အနီးရှိ အောင် သပြေရပ်ကွက်တွင်လည်း အိမ်အချို့ အတွင်းရေဝင်မှုများ ဖြစ်ပေါ်လျက်ရှိ ကာ မိုးထပ်မံရွာသွန်းပါက လက်ရှိ မြုပ်နေသော ဖိနပ်ချွတ်အဆင့်နေရာမှ ပို၍တက်ကာ အိမ်ကြမ်းခင်းများအထိ ပါ ရေမြုပ်နိုင်ကြောင်း အောင်သပြေ ရပ်ကွက်မှ အိမ်ရှင်တစ်ဦးက ပြော သည်။ (၁၆၄)

No comments:

Post a Comment