Wednesday, July 29, 2015

ပြန်ဆိုတေးလောကရဲ့ ဘုရင်မ ကယ်လီ ခလာ့ခ်စန်


 
အမေရိကန်ပေါ့ပ်အဆိုတော် ကယ်လီခလာ့ခ်စန်သည် သူ၏နယ်လှည့်ဖျော်ဖြေရေးပွဲများအတွင်း လတ်တလောကျော်ကြားနေသော အဆိုတော်များ၏ တေးသီချင်းများကို ပြန်လည်သီဆိုဖျော်ဖြေခဲ့ရာ ပရိသတ် အားပေးမှုကို တစ်ခဲနက်ရရှိခဲ့သည်။
သူ၏အကောင်းဆုံးသော ပြန်ဆိုတေးများမှာ နစ်ခ်ဂျိုးနက်စ်၏Jealous ရီဟားနား၏ Stay ၊ တော်ရီကယ်လီ၏ Nobody Love နှင့် တေလာဆွစ်၏ VMA ဂီတဆုအတွက် ဆုလျာထားစာရင်းဝင် Blank စခေန သီချင်းတို့ဖြစ်ကြပြီး တေလာဆွစ်ကိုယ်တိုင်ကပင် သူ၏အရည် အချင်းကို ချီးကျူးခဲ့သည်။
ကယ်လီသည် ယခုတစ်ကြိမ်မှပင် တေလာ၏သီချင်းကို ပြန်ဆိုခဲ့ခြင်း မဟုတ်ချေ။ ၂ဝ၁၄ခုနှစ်တွင် တေလာ၏သီချင်းShake It Off ကိုလည်း ပြန်လည်သီဆိုခဲ့သေးသည်။
အေးပြည့်

No comments:

Post a Comment