စင်ကာပူ ဇူလိုင် ၂၉
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် စင်ကာပူ နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေစဉ်အတွင်း နှစ်နိုင်ငံ ကွန်ပျူတာကွန်ရက် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင်ဖော်ပြသည်။
စင်ကာပူ ကွန်ပျူတာကွန်ရက် လုံခြုံရေး အေဂျင်စီ (စီအက်စ်အေ)နှင့် ဗြိတိန်အစိုးရအဖွဲ့ရုံးတို့အကြား နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးကြခြင်းဖြစ်သည်။ အဆိုပါ သဘောတူညီချက်အရ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် ကွန်ပျူတာကွန်ရက်လုံခြုံမှုရှိရေးအတွက် အာမခံချက် ရရှိစေမည်ဖြစ်သည်။ ဗြိတိန်နှင့် စင်ကာပူနိုင်ငံတို့၏ စီးပွား ရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းကောင်း၊ တီထွင်ဆန်းသစ်မှုအတွက်လည်းကောင်း အထောက်အကူဖြစ်စေမည်ဟု သတင်းတွင်ဖော်ပြသည်။
ယင်းသဘောတူလက်မှတ်ရေးထိုးပွဲကို သမ္မတရုံး အဆောက်အအုံတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ တက်ရောက်ခဲ့ကြပြီး ¤င်းတို့၏ ရှေ့မှောက် တွင် တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြသည်။
နှစ်နိုင်ငံအကြား ကွန်ပျူတာကွန်ရက် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့များ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေး၊ ကွန်ပျူတာကွန်ရက်လုံခြုံရေးကို ထိပါးသည့် လုပ်ဆောင် ချက်များနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ ကွန်ပျူတာကွန်ရက်ဆိုင်ရာ သုတေသန နှင့် ဖွံ့ဖြိုးရေးလုပ်ငန်း၌ ပူးပေါင်းဆောင်ရွက်ရေးတို့မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် အဓိကနယ်ပယ်ရပ်များ ဖြစ်ကြပြီး လာမည့်သုံးနှစ်တာကာလအတွက် ကွန်ပျူတာ ကွန်ရက်လုံခြုံရေးဆိုင်ရာ ပညာရေးသုတေသနလုပ်ငန်း အတွက် ရန်ပုံငွေ စင်ကာပူဒေါ်လာ ၅ ဒသမ ၁ သန်း ထောက်ပံ့မည်ဖြစ်သည်။
ဆင်ဟွာ။
No comments:
Post a Comment