Thursday, July 2, 2015

ရာမို့စ် မန်ယူကို ရောက်နိုင်မလား

 
 
 Myanmaalinn's photo.
 
ဆာဂျီရာမို့စ်ဟာ ရီးရဲမက်ဒရစ်နောက်တန်းမှာ ခြေစွမ်းပြကစားနေတဲ့သူပါ။ သူ့ကို မန်ယူက ပေါင် ၂၈ ဒသမ ၆ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလိုက်ပြီဖြစ် ပါတယ်။ အသက် ၂၉ နှစ်အရွယ် ရာမို့စ်ဟာ ၂ဝ၁၇ ခုနှစ်မှာ ရီးရဲမက်ဒရစ် နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်တဲ့အတွက် စာချုပ်ထပ်မံချုပ်ဆိုဖို့ ကမ်းလှမ်းမှုမရှိတာကြောင့် အသင်းမှထွက်ခွာလိမ့်မယ်လို့ မန်ယူကယုံကြည်ထား ပါတယ်။ စပိန်ကစားသမား ရာမို့စ်ဟာ ဘာနေဗျူးကလပ်နဲ့ ပွဲပေါင်း ၄၄၅ ပွဲ ပါဝင်ကစားခဲ့သူပါ။ လာမယ့်ရာသီမှာ နောက်တန်းခံစစ်အတွက် စိတ်ချရတဲ့ ရာမို့စ်ကို အရခေါ်ယူဖို့ မန်ယူနည်းပြကြီး ဗန်ဟားလ်က လိုလားနေတယ်လို့ ဆိုပါတယ်။ ရာမို့စ်ဟာ ၂ဝဝ၅ ခုနှစ်က ဆီဗီလာမှ ရီးရဲမက်ဒရစ်သို့ ပြောင်းရွှေ့ ခဲ့ပြီး ၂ဝ၁၄ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အက်သလက်တီကိုအသင်းကို အနိုင်ယူရာမှာ ချေပဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။ သူဟာ စပိန်အသင်းမှာလည်း ၁၂၈ ပွဲ ပါဝင်ကစားခဲ့ပြီး ယူရို ၂ဝဝ၈၊ ယူရို ၂ဝ၁၂ နဲ့ ၂ဝ၁ဝ ကမ္ဘာ့ဖလား များ ဆွတ်ခူးရာမှာ ပါဝင်ကစားခဲ့သူလည်းဖြစ်ပါတယ်။ နောက်တန်းအတွက် စိတ်ချရတဲ့ ရာမို့စ်ကို မန်ယူအရခေါ်ယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာဖြစ် နေပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment