Thursday, July 2, 2015

အိမ်ရှင်ချီလီ ချန်ပီယံဆုနဲ့နီးပြီ

 
 
 Myanmaalinn's photo.
 
အိမ်ရှင်ချီလီအသင်းအနေနဲ့ လက်ရှိကျင်းပနေတဲ့ ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ဖို့ လက်တစ်ကမ်းအလိုရောက်ရှိလို့သွားပါပြီ။ ချီလီအသင်းဟာ ပီရူးအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့နိုင်ပြီး ၂၈ နှစ်တာအတွက် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲတက်ရောက်သွားခဲ့ပါပြီ။ ချီလီအသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံး ကိုတော့ ကျူပီအာတိုက်စစ်မှူးဟောင်း အီဒူယာဒိုဗားဂတ်စ်က သွင်းယူပေး ခဲ့ပါတယ်။ ချီလီအသင်းဟာ ကိုပါအမေရိကဖလားကို ရအောင်ကြိုးစားနေခဲ့ ပေမယ့် နှစ်ပေါင်း ၉၉ နှစ်အတွင်းမှာ ဖလားဆွတ်ခူးနိုင်ခဲ့ခြင်းမရှိဘူးလို့ ဆို ပါတယ်။ ချီလီဟာ ဗိုလ်လုပွဲမှာ အာဂျင်တီးနား သို့မဟုတ် ပါရာဂွေးနဲ့ ကစား ရမှာဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ ဆီမီးအထိ တက်နိုင်ခဲ့တဲ့ ပီရူးအသင်းဟာ ဒီနှစ်မှာလည်း ဆီမီးအဆင့်အထိသာ တက်ရောက်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ တော့ အိမ်ရှင်ချီလီအနေနဲ့ အာဂျင်တီးနားနဲ့တွေ့နိုင်မယ့်အနေအထားရှိပါ တယ်။ အိမ်ရှင်ပရိသတ်ရဲ့ အားပေးမှုနဲ့ ချီလီအသင်းဟာ မျှော်မှန်းထားတဲ့ အတိုင်း ဖလားဆွတ်ခူးသွားနိုင်ပါတယ်။ ချီလီအသင်းဟာ ဖလားရခဲ့မယ်ဆိုရင် နှစ်ပေါင်း ၁ဝဝ ပြည့်ခါနီးမှာ ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခြင်းဖြစ်ပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment