Thursday, July 2, 2015

ကိုပါအမေရိကဖလား အာဂျင်တီးနားတို့ ဗိုလ်လုပွဲ တက်



 

ကိုပါအမေရိကဖလား ဆီမီး ဖိုင်နယ်ပွဲစဉ်ကို အာဂျင်တီးနားနှင့် ပါရာဂွေးအသင်းတို့ ဇူလိုင် ၁ရက် နံနက်က ယှဉ်ပြိုင်ကစားခဲ့ရာ အာဂျင်တီးနားအသင်းက ခြောက် ဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ သည်။
ပွဲချိန် ၁၅ မိနစ်တွင် မန်ယူ ကစားသမား မားကို့စ်ရိုဂျိုက အာဂျင် တီးနားအတွက် အဖွင့်ဂိုးသွင်းယူ ပေးခဲ့သည်။ ပွဲချိန် ၂၇ မိနစ်တွင် ဂျာဗီရာပတ်စ်တိုးက အာဂျင်တီးနား အတွက် ထပ်မံဂိုးသွင်းယူပေးခဲ့ သည်။ ပါရာဂွေးအသင်းချေပဂိုး ရရန် လူစားလဲမှုများ ပြုလုပ်ခဲ့ပြီး ပထမပိုင်းပြီးခါနီး ပွဲချိန် ၄၃ မိနစ် တွင် လူးကပ်စ်ဘာရီအိုစ်က ပါရာဂွေး အသင်းအတွက် ချေပဂိုးတစ်ဂိုး ပြန် လည် သွင်းယူနိုင်ခဲ့သည်။ ဒုတိယပိုင်း ၄၇ မိနစ်တွင် တောင်ပံတိုက်စစ် ကစားသမားဒီမာရီယာက အာဂျင် တီးနားအတွက် သုံးဂိုးမြောက် သွင်းယူခဲ့သည်။ ၅၃ မိနစ်တွင် ၎င်းကပင် ထပ်မံ ဂိုးသွင်းယူခဲ့သည်။
အာဂျင်တီးနားသည် ဂိုးပြတ် အနိုင်ယူထားသော်လည်း ကစားအား မလျှော့ခဲ့ပေ။ မိနစ် ၈ဝတွင် တိုက်စစ်မှူး အဂူရိုက ဂိုးသွင်းယူခဲ့ပြီး ဟီဂူအင်နှင့် လူစားလဲခဲ့သည်။ လူစား ဝင်လာသော ဟီဂူအင်ကလည်း ၈၃ မိနစ်တွင် အာဂျင်တီးနားအတွက် နောက်ဆုံးဂိုးသွင်းယူပြီး ပွဲပြီးချိန်တွင် ခြောက်ဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက် ရောက်သွားသည်။
ယနေ့ပွဲတွင် နာမည်ကြီး ကစား သမား မက်ဆီ ဂိုးမသွင်းနိုင်ဘဲ ကိုပါ ဖလားပွဲစဉ်တစ်လျှောက် သွင်းဂိုး တစ်ဂိုးသာ သွင်းယူထားနိုင်သည်။ ကိုပါ ၂ဝ၁၅ ဖလား၌ သွင်းဂိုးလေးဂိုး ဖြင့် အများဆုံးရပ်တည်နေသူမှာ ချီလီ တိုက်စစ်မှူး ဗားဂက်စ်ဖြစ်သည်။ အာဂျင်တီးနားကစားသမား အဂူယို နှင့် ချီလီကစားသမား ဗီဒယ်လ်တို့မှာ သုံးဂိုးစီသွင်းယူထားသည်။ အာဂျင် တီးနားမှ ဒီမာရီယာ၊ ဟီဂူအင်နှင့် ဘိုလီးဗီးယားမှ မိုရန်နိုတို့က နှစ်ဂိုးစီ သွင်းယူထားသည်။
ကိုပါအမေရိကဖလား ဗိုလ်လုပွဲ ကို ချီလီနိုင်ငံ ဆန်တီယာဂိုမြို့ အက် စတာဒီဘို နေစီအိုနယ်ကွင်း၌ အုပ်စု (က) မှ တက်ရောက်လာသော အိမ်ရှင်ချီလီနှင့် အုပ်စု(ခ) မှ တက်ရောက်လာသော အာဂျင်တီးနား တို့ ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
တတိယနေရာလုပွဲကို ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ပီရူးနှင့် ပါရာ ဂွေးတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
သီဟ-ရေးသည်

No comments:

Post a Comment