Wednesday, July 1, 2015

နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆိုင်ရာများ အမြင်ချင်းဖလှယ်ဆွေးနွေး








The Mirror Daily's photo.
 




နေပြည်တော် ဇွန် ၃ဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် စင်ကာပူသမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတိုချီဟန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၅ နာရီခွဲတွင် နေပြည်တော်ရှိ LAKE GARDEN ဟိုတယ် ချင်းတွင်းခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဦးတင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း၊ ဗိုလ်ချုပ်ကျော်ညွန့်၊ ဦးတင်ဦးလွင်၊ ဒေါ်လဲ့လဲ့သိန်း၊ ဦးမျိုးအောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး မစ္စတာရောဘတ်ချွာလည်း တက်ရောက်သည်။

ဆွေးနွေး

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းဆိုင်ရာများ၊ နှစ်နိုင်ငံအကြား စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံဆိုင်ရာများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment