Wednesday, July 29, 2015

အာဆီယံယူ-၁၆ ပြိုင်ပွဲ၌ မြန်မာအသင်း အနိုင်ရ


 
ဖနွမ်းပင် ဇူလိုင် ၂၈
အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) က ကြီးမှူးကျင်းပလျက်ရှိသည့် ၂ဝ၁၅ အာဆီယံယူ-၁၆ ဘောလုံး ပြိုင်ပွဲ အုပ်စု(ခ)ပွဲစဉ်များကို ကမ္ဘော ဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ အိုလံပစ် ကွင်း၌ ကျင်းပရာ မြန်မာအသင်းက စင်ကာပူအသင်းကို အနိုင်ယူပြီး ပွဲဦးထွက်သုံးမှတ်အပြည့်ရရှိခဲ့သည်။
မြန်မာအသင်းမှာ ထက်ဝေယံ စိုး(ဂိုး)၊အောင်ဝဏ္ဏစိုး၊ မြတ်ကောင်း ခန့်၊ ပြည့်စုံနိုင်၊ ဟိန်းထက်အောင်၊ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်း၊ မင်းမြတ် သူ၊ သက်ပိုင်ထွေး၊ ကျော်ဖြိုးဝေ၊ အောင်ချစ်ဦးကိုကိုတို့ဖြင့် ပွဲထွက်ခဲ့ပြီး သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းမှာ ကစားကွက်မိမိ ဖြင့် ကစားနိုင်ခဲ့ပြီး ရက်ပိုင်းသာ ကိုင်တွယ်ချိန်ရရှိသော နည်းပြချုပ် အဲရစ်ဝီလျံအတွက်လည်း အဖွင့်လှ သွားခဲ့သည်။
မြန်မာယူ-၁၆ အသင်းအတွက် အနိုင်ဂိုးများကို ၁၂ မိနစ်တွင် ဟိန်းထက်အောင်၊ ၃၉ မိနစ်တွင် ဝင်းနိုင်ထွန်း၊ ၆၂ မိနစ်တွင် ထက်ဖြိုးဝေ တို့က သွင်းယူခဲ့ပြီး ၃၆ မိနစ်၌ ချေပ ဂိုးတစ်ဂိုးပေးခဲ့ရခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲကို အုပ်စုနှစ်စုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စု(က) တွင်
မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ တီမော၊ ဘရူနိုင်း၊ အုပ်စု(ခ)တွင် သြစတြေးလျ၊စင်ကာပူ၊မြန်မာ၊ကမ္ဘောဒီးယားနှင့်ဖိလစ်ပိုင်တို့ ပါဝင်နေသည်။
ယမန် နေ့က ကျင်းပခဲ့သည့် အုပ်စု(က) ပွဲစဉ်များတွင် လာအိုအသင်းကထိုင်းအသင်းကိုတစ်ဂိုး-ဂိုးမရှိ၊ မလေးရှားအသင်း က ဗီယက်နမ်အသင်းကိုတစ်ဂိုး-ဂိုးမရှိတို့ဖြင့် အနိုင်၊ ဘရူနိုင်းအသင်းနှင့်တီမောအသင်းတို့နှစ်ဂိုးစီ သရေကျခဲ့သည်။ မြန်မာအသင်းသည်ဒုတိယပွဲစဉ်အဖြစ် သြဂုတ် ၁ ရက်တွင်ဖိလစ်ပိုင်အသင်းနှင့် ကစားရမည်ဖြစ်သည်။
ဖိုးသော်ဇင်

No comments:

Post a Comment