Wednesday, July 29, 2015

ရွှေလံဗိုလ်အဆင့်မြင့် လယ်မြေဧက ၁ဝဝ တွင် ထွန်စက်ကြီးများဖြင့် အချိန်မီထွန်ယက်ခြင်းများဆောင်ရွက်


 
စဥ့်ကိုင် ဇူလိုင် ၂၈
အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး၊ တောင်သူများ ဈေးနှုန်းချိုသာစွာဖြင့် ငှားရမ်းအသုံးပြုနိုင်ပြီး လက်မှု လယ်ယာမှစက်မှုလယ်ယာသို့ ကူးပြောင်းစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် မီးသွေးဘုတ် ကျေးရွာအုပ်စု ရွှေလံဗိုလ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဒေသ အဆင့်မြင့်လယ်ယာမြေဧက ၁ဝဝ ကွင်းအမှတ် (၄၆-ဃ)တွင် အမှတ်(၇၄) စက်မှုလယ်ယာ ပထမစခန်း စဥ့်ကိုင်မြို့မှ ရှေ့တန်းစခန်းများဖွင့်လှစ်၍ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါအဆင့်မြင့်လယ်ယာမြေဧက ၁ဝဝ ကွင်းတွင် ထွန်စက်အသစ်များဖြင့် ထွန်ယက်စိုက်ပျိုးခြင်းလုပ်ငန်း များဆောင်ရွက်နေပြီး စိုက်ပျိုးပြီးစီးချိန်တွင်လည်း ရိတ်သိမ်း ခြွေလှေ့စက်ကြီးများဖြင့်ရိတ်သိမ်းခများကို ဈေးနှုန်းချိုသာ စွာဖြင့် တောင်သူများစရိတ်သက်သာစေရန် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း စဥ့်ကိုင်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစည်သူကျော်က ပြောသည်။
''လယ်ယာလုပ်ငန်းခွင်မှာ ကျွဲ၊ နွားတွေနဲ့ အလုပ်လုပ် ရတာ အချိန်ကြာတယ်။ ထွန်ခတွေလည်း ဈေးကြီး လာတယ်။ နွားတစ်ကောင်ရဲ့တန်ဖိုးကလည်း ဈေးမြင့်လွန်း တယ်။ လက်တွန်းထွန်စက် ငှားရမ်းခကလည်း ဈေးက မသက်သာဘူး။ စက်မှုလယ်ယာကအခုလို ဝန်ဆောင်မှုတွေ လုပ်ပေးတာ ကျွန်တော်တို့တောင်သူတွေအနေနဲ့ အများ ကြီးအဆင်ပြေပါတယ်။ စိုက်ပျိုးချိန်၊ ကောက်စိုက်ချိန်၊ ရိတ်သိမ်းချိန်တွေမှာ လယ်ယာလုပ်သား ရှားပါးရင် တောင်သူများစိုးရိမ်ကြောင့်ကြမှုမရှိဘဲ ထွန်စက်များ၊ ရိတ်စက်များဖြင့် အစားထိုးဆောင်ရွက်နိုင်တော့ ပိုမို ကောင်းမွန်တာပေါ့''ဟု စဥ့်ကိုင်မြို့နယ်မီးသွေးဘုတ် ကျေးရွာမှတောင်သူ ဦးဝင်းနိုင်က ပြောသည်။
တင်တင်ထွေး(စဥ့်ကိုင်)

No comments:

Post a Comment