Wednesday, July 29, 2015

အောက်စက်တော်ရာ ခြေတော်ရာမြတ်အား မန်းချောင်းရေလွှမ်း


 
မင်းဘူး ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက် တော်ရာဘုရားကြီး၏ ပါဒအောက် စက်တော်ရာခြေတော်ရာမြတ်နေရာတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုများကြောင့် မန်းချောင်းရေ မြင့်တက်လာကာ ဖန်အုပ်သျှောင်း တော်မြတ်အတွင်းထိ ရေများဝင် ရောက်ဖုံးလွှမ်းသွားသည်။
မန်းချောင်းသည် ငဖဲမြို့နယ်၏ အနောက်တောင်ဘက်မှ စတင်၍ စီးဆင်းရာ မန်းချောင်းရေလှောင်တမံမှ သိုလှောင်ထိန်းသိမ်းထားရှိပြီး မင်းဘူး (စကု)မြို့နယ်အတွင်းရှိ လယ်ယာ မြေများ နွေစပါးအောင်ရေအပြည့် အဝပေးဝေနိုင်ရန် အိုင်းမရေလွှဲ ဆည်မှတစ်ဆင့် တောင်မန်း မြောင်းမကြီး၊ မြောက်မန်းမြောင်းမ ကြီးတို့ဖြင့် ဖြန့်ဝေပေးနေလျက်ရှိခြင်း၊
နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေ လုံလောက်စွာ သိုလှောင်ထားနိုင်ပြီး ရေပိုလွှဲပေါက်များမှတစ်ဆင့် စီးဆင်းသော မန်းချောင်းရေသည် မန်းရွှေ စက်တော်ရာ ဘုရား အောက်စက်တော်ရာမြတ်အား ရေဖုံးလွှမ်းသည်အထိ မြင့်တက်လျက်ရှိသဖြင့် တာဝန်ရှိ သူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး(မင်းဘူး)

No comments:

Post a Comment