Thursday, July 2, 2015

လူမည်းအမျိုးသမီး ပထမဆုံးအကြိမ်ဘဲလေးအကကျောင်းအုပ်အဖြစ်ခန့်အပ်ခံရ



အာဖရိကန်-အမေရိကန်လူမျိုး ဘဲလေးကချေသည် မစ်စတီကော့ပ်လန်အား ABT ဘဲလေးအကသင်ကျောင်း၏ ကျောင်းအုပ်အဖြစ် ဇွန်၃ဝ ရက်ကခန့်အပ်လိုက်ပြီဖြစ်သည်။
အဆိုပါ ဘဲလေးအကသင်ကျောင်းသည် (၇၅) နှစ်တာ သက်တမ်းတစ်လျှောက်တွင် လူမည်းအမျိုးသမီးတစ်ဦးအား ပထမဆုံးအကြိမ်အဖြစ် ကျောင်းအုပ်ရာထူးခန့်အပ်ခြင်းဖြစ် သည်။
တိုင်းမ်မဂ္ဂဇင်း၏ ကမ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံး စာရင်းဝင် တစ်ဦးလည်းဖြစ်သော ကော့ပ်လန်သည် ကျောင်းအုပ် ရာထူးပေးအပ်ခံရခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင် ဝမ်းမြောက်သည့်အကြောင်းကိုလည်း တွစ်တာစာမျက်နှာတွင် ဇွန် ၁ ရက်ကရေးသားထားသည်။ စလန်နိုးလက်စ်နှင့် မာရိုင်ကေရီတို့အပါအဝင် နာမည်ကျော်အနုပညာရှင်များကလည်း ဂုဏ်ပြုထားကြောင်းကို လူမှုမီဒီယာတွင် ရေးသားထားသည်။
ABT ကျောင်းသည် အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းဘဲလေးအကသင်ကျောင်း သုံးကျောင်းစာရင်းဝင် ဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် အာသာမစ်ချယ်နှင့် ၁၉၉၇ ခုနှစ်တွင် ဒက်စမွန်ရစ်ချက်စန်တို့အား အသားအရောင် မခွဲခြားဘဲ ဘဲလေးကချေသည်အဖြစ် သင်ကြားပေးခဲ့ဖူးသည်။
ပန်းသော်တာ

No comments:

Post a Comment