Thursday, July 2, 2015

အဆိုတော်ဟေးယွန် ဖက်ရှင်နှင့် အလှအပရေးရာစာအုပ်ထုတ်ဝေမည်



Girl Generation အဖွဲ့မှ အဆိုတော်ဟေးယွန်က ပျိုမေများအတွက် ဖက်ရှင်နှင့် အလှအပရေးရာ သိမှတ်ဖွယ်ရာများကို ဇူလိုင် ၁ ရက်တွင် စာအုပ်ထုတ်ဝေ ဖြန့်ချိမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Espresso Room စားသောက်ဆိုင်၌ မွန်းလွဲ ၂ နာရီတွင် စာအုပ်ထုတ်ဝေခြင်း အထိမ်းအမှတ်ပွဲကို ပြုလုပ်သွားမည်ဖြစ်သည်။
စာအုပ်နှင့်ပတ်သက်ပြီး အဆိုတော်ဟေးယွန်က '' ဒီစာအုပ်ထဲမှာ ကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့ တစ်နေ့တာလုပ်ဆောင်လေ့ရှိတဲ့ အရာတွေ၊ အလှအပရေးရာတွေ၊ ဖက်ရှင်နဲ့ ပတ်သက်တာတွေ ပါဝင်တာမို့ စာဖတ်ပရိသတ်သဘောကျလိမ့်မယ်လို့ မျှော်လင့်ထားပါ တယ်''လို့ ဖွင့်ဟပြောဆိုထားသည်။
အသက်(၂၅)နှစ်အရွယ် အဆိုတော်ဟေးယွန်သည် ၂ဝဝ၇ ခုနှစ်တွင်Into the New World တေးစီးရီးအယ်လ်ဘမ်ဖြင့် ဂီတလောကထဲ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီးDancing with the Stars ? Dancing 9? Million Likes စသည့်ရှိုးပွဲများတွင်လည်း ပါဝင်ဖျော်ဖြေပေးလျက်ရှိသည်။
ဆုမြတ်

No comments:

Post a Comment